ဆီးနီ ဆီးနည်း သည်းခြေကျောက် ကျောက်ကပ်ကျောက် ကွမ်းစားသူများ မဖြစ်မနေစားသင့်တဲ့ ပေါက်ပန်းဖြူ

ဆီးနီ ဆီးနည်း သည်းခြေကျောက် ကျောက်ကပ်ကျောက် ကွမ်းစားသူများ မဖြစ်မနေစားသင့်တဲ့ ပေါက်ပန်းဖြူ

ဆီးနီ၊ ဆီးနည်းရောဂါများအတွက် ပေါက်ပန်းဖြူရွက်ကို ဟင်းချက်စား၍သော် လည်းကောင်း၊ အပွင့်ကို ကြော်ချက်စားခြင်းဖြင့်သော်လည်းကောင်း ဆီးရောဂါ သက်သာစေပါသည်။

ကွမ်းစားသူများ၊ သည်းခြေ၊ ကျောက်ကပ်တွင် ကျောက်ရှိ သူများ မကြာခဏပြုတ်တို့စားပေးရပါသည်။

မီးယပ်ဖြူဆင်းရောဂါ၊ သွေးအန်သွေးကျရောဂါဖြစ်လျှင် ပေါက်ပန်းဖြူပွင့်ကို သုပ်စားရပါသည်။

အပူလောင်နာကို ပေါက်ပန်းဖြူရွက်သတ္ထုရည်ကို ထည့်ပေး အုံပေးပါက သက်သာစေသည်။ ထိခိုက်ဒဏ်ရာ ရလျှင် ပေါက်ပန်းဖြူရွက် သတ္ထုရည်ကို လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပေးပါက အနာမန်း၀င်ခြင်း ကို ကင်းဝေးစေပါသည်။

spfmyanmar

ပေါက်ပန်းဖြူ အပွင့်၏ သတ္တု ရည်ကို မျက်စေ့၌ ခပ်ပါက မျက်စေ့မှုန်ခြင်း၊ မျက်စေ့ဝေခြင်းတို့ကိုပျောက် ကင်းစေပါ၏။

အဆစ်ရောင်ရောဂါ ဝေဒနာ ခံစားရပါက ပေါက်ပန်းနီပွင့်၏ အမြစ်ကို ရေနှင့်သွေး၍ မီးဖြင့်နွေးအောင်ပြုပြီး ရောင်သော အဆစ်များကို လိမ်းပေးခြင်းဖြင့် သက်သာစေပါသည်။

အပွင့်'(သို့)အရွက်ကို အရည်ညှစ်ယူ၍ ၄င်းအရည်ကို ခေါင်းမကိုက်သော တဘက်ရှိ နှာခေါင်းမှ ရှုပါက ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်းပါ၏။

ပေါက်ပန်းဖြူ ပွင့်ကို ပြုတ်စားပါက ကြက်မျက်သင့်ရောဂါ ပျောက်ကင်းပါ၏။

၄င်းအရွက်၏ သတ္တုရည်တွင် ချင်းခြောက်, ပိတ်ချင်း, ကြံသကာတို့ကို ဆတူရော၍ ရှု၍ ရှု၍ ပေးပါက စိတ်ပျံ့လွင့်ခြင်း ပျောက်ကင်းပါ၏။

တုပ်ကွေးဖျား(သို့မဟုတ်) ရိုးရိုးဖျားခြင်းများဖြစ်ပါက ပေါက်ပန်းဖြူရွက်ကို ကြက်သွန်နီနှင့် ကြော်စားနိုင်ပါသည်။

ပေါက်ပန်းဖြူ ရွက်ကို ငြုပ်ကောင်းနှင့်အတူ နွားကျင်ငယ်နှင့် ကြိတ်၍ ရှုသော် ဝက်ရူးနာ ပျောက်၏။

ပေါက်ပန်းဖြူ အစိုအခေါက်ကို ထောင်း၍ အရည်ညှစ်ယူပါ။

၄င်းသတ္တုရည်ကို စင်ကြယ်သော အဝတ် (သို့မဟုတ်) ဂွမ်းတွင် စိုအောင် ဆွတ်၍ ယောနိတွင်ထည့်၍ ပေးပါက မီးယပ်ဖြူ ရောဂါ ပျောက်ကင်းပါ၏။

Credit toကျန်းမာရေး၀န်ကြီးဌာနမှထုတ်ဝေသော အသုံး၀င်ဆေးပင် များနှင့် မြန်မာ့တိုင်းရင်းဆေးနည်း လက်စွဲ စာအုပ်မှ

Zawgyi








spfmyanmar



၎င်းအရွက်၏ သတ္တုရည်တွင် ချင်းခြောက်, ပိတ်ချင်း, ကြံသကာတို့ကို ဆတူရော၍ ရှု၍ ရှု၍ ပေးပါက စိတ်ပျံ့လွင့်ခြင်း ပျောက်ကင်းပါ၏။




၎င်းသတ္တုရည်ကို စင်ကြယ်သော အဝတ် (သို့မဟုတ်) ဂွမ်းတွင် စိုအောင် ဆွတ်၍ ယောနိတွင်ထည့်၍ ပေးပါက မီးယပ်ဖြူ ရောဂါ ပျောက်ကင်းပါ၏။


Be the first to comment

Leave a Reply

Your email address will not be published.


*