၁၀၂၇ တတိယနေ့(အောက်တိုဘာလ 29 ရက်နေ့)လားရှိုးအခြေနေ

တေဇ/MFP ၊ အောက်တိုဘာ – ၂၉

၁၀၂၇ စစ်ဆင်ရေး တတိယနေ့အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာမှာ ရှိနေတဲ့ စစ်အုပ်စုကို တအာင်းတပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက် ချေမှုန်းခဲ့ရာ အလောင်းခြောက်လောင်းနဲ့ လက်နက်တွေ ရရှိတယ်လို့ TNLA က သတင်း ထုတ်ပြန်ပါတယ်။

“နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာတွင် ရောက်ရှိ တပ်စွဲနေသော စစ်ကောင်စီတပ်အား တအာင်း တပ်မတော် PSLF/TNLA + MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်း (၄)နာရီ အချိန်ခန့်တွင် သွားရောက် တိုက်ခိုက် ချေမှုန်း ရှင်းလင်းနိုင်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ အလောင်း ခြောက်လောင်း၊ လက်နက် ခုနှစ်လက်၊ (60MM)မော်တာ တစ်လုံး၊ လက်နက်ခဲယမ်း များစွာနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်” လို့ TNLA က ဖော်ပြပါတယ်။

အဲ့ဒီ ကျောက်ကြမ်းရွာ တိုက်ပွဲမှာ သေတဲ့ စစ်အုပ်စုတွေထဲ ခမရ (ခြေမြန်တပ်ရင်း) – ၁၁၄ က ဗိုလ်ကြီးအဆင့်ရှိ ဒု-တပ်ရင်းမှူး ပါဝင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က MFP ကို ပြောပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *