ပေါက်နှင့် ပခုက္ကူတို့တွင် အဘသားမာရသွန်ပြေးပွဲ ရုပ်သံ

ပေါက်နှင့် ပခုက္ကူတို့တွင် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရှိသူ များပြား(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၉

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပေါက်မြို့နယ်၊ ကျောက်တိုင်ခင်ကျေးရွာ ညောင်ဇင်ရွာ စာသင်ကျောင်းကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များကမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ဇင်ကျေးရွာ စာသင်ကျောင်းနှင့် မန်ကျည်ကုန်ရွာ တို့တွင် အခြေပြုပြီး အောက်တိုဘာလ ၂၇ ရက် နံနက် ၅ နာရီ ခန့်တွင် အိုင်မရွာအနောက်ဘက်ကို စစ်ကြောင်း ထိုးခဲ့ရာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ပခုက္ကူမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၈၀ ခန့်ကို ကန်တော်ကျေးရွာအနီး၌ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂၈ လုံးကျဲချတိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၈ ရက် နံနက် ၆ နာရီခန့်မှ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ပေါက်မြို့နယ်၊ အိုင်မရွာအနောက်ဘက်သို့ ရောက်ရှိနေသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် အီနာဂါဗုံးသီး ၉၃ လုံးကျချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင် ပကဖ၊ ပေါက်ဗိုလ်တစေ အဖွဲ့၊ ပေါက်မြို့နယ် ဗိုလ်နားပေါက် အဖွဲ့၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပျောက်ကြားတပ်ဖွဲ့၊ နဂါးနီ တပ်ဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့၊ Black Cobra ၊ PKU Thurain နှင့် PPDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*