ရှမ်းမြောက်မှာ Operation 1027နဲ့အညာမြေက “သပြေတစ်ခက်ကိုယူ မြေလတ်ကို ကူ”

“သပြေတစ်ခက်ကိုယူ မြေလတ်ကို ကူ”

ရှမ်းမြောက်မှာ Operation 1027နဲ့ စခန်းသိမ်းပွဲတွေ မြိုင်နေသလို အညာမြေလတ်က PDFတွေကလဲ အညာဒေသမှာ၊ မြေလတ်ဒေသမှာ စခ၊ ရခ၊ ပခတွေကို ရှိသမျှ အင်အားနဲ့ အပြုတ်နှံနေဆဲပါ။

ဒါပေမဲ့ ကျ-ည် ခဲယမ်း ထောက်ပို့အားနည်းရင် စိတ်သွားတိုင်း ကိုယ်မပါသလို

ပြည်သူ့ရဲဘော်တွေအတွက်ပါ တိုက်ရည်ခိုက်ရည် အားနည်းစေပါတယ်လေ။

27.10.2023 ညနေ 4:30ခန့်

မြင်းခြံ-တောင်သာကြား တောင်ရှေ့တိုးလ်ဂိတ်၌တပ်စွဲစစ်ဆေးနေသော စခ၊ရခ သုံးဆယ်ခန့်အား ဒရုန်းဗုံးသီးချခြင်း၊ မြေပြင် လနကြီးငယ်တို့ဖြင့် ပစ်ခက်ချေမှုန်းခြင်းပြုလုပ်ရာ အကောင်20ကျော် Tayဆုံး၊ 7ကောင်ဒဏ်ရာရ။

တောင်သာမှ စစ်ကူလာသော ခွေးကား လေးစီးကိုလဲ မိုင်း၊လနကြီးများဖြင့် ဖြတ်တောက်ရာ ခွေးကား သုံးစီး တိမ်းမှောက်၍ စခဆယ်ကောင်ကျော်ကို ရှင်းလင်းနိုင်ခဲ့ကြ။

ပူးပေါင်းမစ်ရှင်ဖေါ် တပ်ရင်းတပ်ဖွဲ့များ=

မြင်းခြံခရိုင်တပ်ရင်း ၁၊၃၊၄၊၈

မြင်းခြံဒရုန်းအဖွဲ့၊

မိတ္ထီလာခရိုင်တပ်ရင်း ၂၊၃

စစ်ကိုင်းခရိုင်တပ်ရင်း ၄

နွားထိုးကြီးပကဖ

27.10.2023 တွင် ရေစကြိုမှ ချင်းတွင်းသို့ဖြတ်ကာ စစ်ကြောင်းထိုးလာသော စခများအား ပထမရက်တွင် ဆုတ်ခွါစစ်ဖြင့်၊

28.10.2023နေ့တွင် ရွှေလှံရွာနှင့် မြစ်ဆုံရွာကြားတွင် ဒရုန်းများ၊ မြေပြင်ဟန့်တားတိုက်ခိုက်ခြင်းများဖြင့် ထိုစခစစ်ကြောင်းပါ အ‌ကောင်20ကျော်ကို ချေမှုန်းနိုင်ခြင်း၊ အများအပြားဒဏ်ရာရစေခြင်းဖြင့် စုစည်းညီညွတ်စွာ အောင်မြင်စွာ တပ်လန်‌ေအာင်မောင်းထုတ်နိုင်ခဲ့ကြ။

အညာမြေလတ်က ပါဝင်တပ်ရင်းတပ်ဖွဲ့များနှင့် နယ်မြေခံမိတ်ဖက်အဖွဲ့များ။

မြင်းခြံခရိုင်တပ်ရင်း ၁၊၂၊၃၊၅၊

မြင်းခြံဒရုန်းအဖွဲ့၊

Burmese Guerilla Force (Myingyan)၊

Myingyan Black Tiger၊

မြင်းခြံ ပကဖ၊

မြောင်တပ်ပေါင်းစု၊

နွေဦးတော်လှန်ရေး အမြန်အဆုံးသတ်အောင်ပွဲခံနိုင်တော့မှာမို့ ပြည်သူ့အား၊ ပြည်သူ့ထောက်ပို့က အဓိကကြပါတယ်။

ဒါကြောင့် အညာမြေလတ်က ရဲဘော်တွေလဲ မြိုင်မြိုင်ဆိုင်ဆိုင် ပွဲတွေဆက်ကာ ကနိုင်ဘို့ ကျ-ည် ခဲယမ်းတွေ ထောက်ပို့ကူညီကြပါစို့ခများ။

အညာမြေမှာလဲ အောင်စည်တွေ ယွန်းကြမယ်ဗျား။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *