ရှမ်းမြောက်ရှိ သိန္နီရဲစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နေပြီး လက်နက်ခဲယမ်းများ၊ စစ်သားအလောင်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိဟု MNDAA က ထုတ်ပြန်
ရန်ကုန်၊ အောက်တိုဘာ ၃၀
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သိန္နီရဲစခန်း အပါအဝင် စစ်ကောင်စီတပ် စခန်းများကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် တော်လှန်ရေးမဟာမိတ် တပ်များ က ဆက်လက်သိမ်းပိုက်လျက်ရှိကြောင်း MNDAA က သတင်း ထုတ်ပြန်သည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့တွင် ရှမ်းပြည် နယ် မြောက်ပိုင်းရှိ သိန္နီမြို့ရဲစခန်း၊ စစ်ကောင်စီတပ်စခန်းများ၊ ဗျူဟာကျသော တောင်ကုန်းများ ဆက်တိုက် သိမ်းပိုက်နေကြောင်း၊ လက်နက်ခဲယမ်း အများအပြားရရှိပြီး အရာရှိများ အပါအဝင် စစ်သား အလောင်းများ၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။