စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် AA တပ်များရောက်ရှိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် AA တပ်များ ရောက်ရှိနေပြီး စစ်ကောင်စီ တပ်များနှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၃၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် ရက္ခိုင်တပ်တော်AA တပ်များ ရောက်ရှိနေ ပြီး စစ်ကောင်စီ တပ်များနှင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေကြောင်း မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။

စစ်အာဏာရှင် ချေမှုန်းရေး ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်တွင် ရက္ခိုင့် တပ်တော် (Arakan Army) အနေဖြင့် ကိုးကန့်၊ တအာင်း ညီနောင် မဟာမိတ် များနှင့် အတူသာမက ကချင်အပါအဝင် အခြားသောမဟာမိတ်များရှိရာ နေရာ ဒေသများ၊ စစ်ဆင်ရေး၏ အရေးကြီးသောနေရာများနှင့် စစ်ဆင်ရေးကို အထောက် အပံ့ဖြစ်စေသောနေရာများတွင် စစ်ကောင်စီ၏တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၊ အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၂၂ မိနစ် အချိန် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုး တလျှောက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း၊ ယနေ့အောက်တို ဘာလ အချိန်အထိလည်း ရင်ဆိုင် တိုက် ပွဲများ၊ ကြိုကြားကြိုကြားတိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ထီးချိုင့်မြို့နယ်တွင် ယခုရက်များအတွင်း စစ်ကောင်စီနှင့် AA တိုက်ပွဲများ အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအများဆုံးသော နေရာများ ထဲမှတစ်ခုလည်း ဖြစ်ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိပြီး AA ဘက်မှလည်း အထိအခိုက်၊ အကျအဆုံးအချို့ရှိခဲ့ကြောင်း၊ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ တိုက်ပွဲအရှိန် ဆက်လက်မြင့်တက် လျက် ရှိ ကြောင်း သိရှိရသည်။

ထို့ပြင် ရက္ခိုင့်တပ်တော်အခြေစိုက် လှုပ်ရှားသောနေရာများထဲမှ တစ်ခုဖြစ် သော ကချင်ပြည်၊ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်အနီး တိုက်ပွဲများတွင် လည်း ရက္ခိုင့် တပ်တော်မှ အာရက္ခစစ်သည်တော်များသည် မဟာမိတ်များနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင် ရေးများကို ဆက်တိုက်ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *