ခြေသံလုံတဲ့ မန္တလေး ဖျင်ပိတ်မညင်းနဲ့ပုံနှင့်တကွ

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန် ဗိုလ်ကြီးနှင့် ဗိုလ် ၂ ဦး အပါအဝင် စစ်သား ၇ ဦးကို မန္တလေး PDF က ဖမ်းဆီး

ရန်ကုန်၊ အောက်တိုဘာ ၃၀

မန္တလေး PDF က စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ၁ ဦး၊ စစ်ဆေးဆရာဝန် ဗိုလ်ကြီး ၁ ဦး ၊ စစ်ဆေးဆရာဝန် ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၇ ဦးကိုဖမ်းဆီးထိန်းသိမ်းထားကြောင်း မန္တလေး PDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ညီနောင် မဟာမိတ်(၃)ဖွဲ့​၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ “တောင်သမန် စစ်ဆင်ရေး”ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆင်နွှဲလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်မှ အောက်တိုဘာလ ၃၀ ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီမှ နယ်ခြားစောင့် တပ် ဗိုလ်မှူး ၁ ဦး ၊ စစ်ဆေးဆရာဝန်ဗိုလ်ကြီး ၁ ဦး ၊ စစ်ဆေးဆရာဝန်ဗိုလ်အဆင့် ၁ ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နှင့် ပြည်သူ့စစ်၂ ဦး စုစုပေါင်း ၇ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

“ဘယ်လို ဖမ်းဆီးလဲဆိုတာက တောင်သမန် စစ်ဆင်ရေးကာလအတွင်းမှာပဲ ဖမ်းမိပါတယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။ သူတို့ကို ကောင်းမွန်စွာပဲ ဖမ်းဆီးထိန်းသိမ်းထားပါတယ်” ဟု မန္တလေးPDF ၏ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောဆိုသည်။

ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို မည်သည့်နေရာတွင် မည်သည့်ပုံစံဖြင့် ဖမ်းဆီးရရှိသည်ကို မန္တလေး PDF က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *