၄ရက်အတွင်း သံကျွတ် ၃စီး(ရုပ်သံ)

တော်လှန်ရေး တပ်ဖွဲ့များက ဖောင်းဆိုင်မြို့ကို သိမ်းယူစဉ် သံချပ်ကာ ကား ၁ စီးကို ထပ်မံ သိမ်းယူဖျက်ဆီး၊ စစ်ကောင်စီ၏ သံချပ်ကား ၃ စီးကို ၄ ရက်အတွင်း ဖျက်ဆီး နိုင်ခဲ့ပြီ (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၃၀

မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ယနေ့ ညနေပိုင်း ဖောင်းဆိုင်မြို့ကို သိမ်းပိုက်စဉ် စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၁ စီးကို ထပ်မံ သိမ်းယူ ဖျက်ဆီးနိုင်ခဲ့ကြောင်း တော်လှန် ရေး တပ်ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ယနေ့ ညနေ ၆ နာရီတွင် မူဆယ်မြို့နယ်၊ ဖောင်းဆိုင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၁ စီးကို ထပ်မံ ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သော ၃ ရက်အတွင်း စစ်ကောင်စီတပ်၏ သံချပ်ကာနှင့်တင့်ကား ၂ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့ရာ လက်ရှိအချိန်အထိ စုစုပေါင်း သံချပ်ကာကား ၃ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *