ကား ၇ စီးနဲ့ သယ်ရတယ် ရက်ရာလိုက်တဲ့အဘအလှူ

KIA က နမ့်ဟိုင်စစ်ကောင်စီစခန်းကို သိမ်းပိုက်ရာတွင် လက်နက်များကို ကား ၇ စီးဖြင့် သယ်ယူရရှိဟုဆို

ဧရာ၀တီတိုင်းမ်

အောက်တိုဘာလ ၃၁ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြိုနယ် မုန်းမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီ၏ ခလရ ၃၂၄ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၄ ) တပ်ရင်း ၈ က စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းကိုသိမ်းပိုက်ရရှိခဲ့ပြီး လက်နက်များကို ကား ခုနစ် စီးဖြင့် သယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက် ည ၈ နာရီအချိန်တွင် စစ်ကောင်စီတပ်စခန်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဆို ပါစစ်စခန်းကို နှစ်ရက်တာအချိန်ယူ၍ ပိတ်ဆို့တိုက် ခိုက်ခဲ့ရကြောင်း KIA စစ်သတင်းရင်းမြစ်ထံက သိရ သည်။

“နှစ်ရက်အချိန်ပေးလိုက်ရတဲ့ မန်တုံက နမ့်ဟိုင်စစ်စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့တယ်။ ကား ၇ စီးနဲ့ သယ်ရတယ်။ လက်နက်တွေနဲ့ အထိအခိုက်တွေကို ထုတ်ပြန်ပါမယ်”ဟု KIA စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် မြစ်ကြီးနား-၀ိုင်းမော်ကားလမ်းပေါ်ရှိ စစ် ကောင်စီ၏ ဂန်ဒေါင်ယန်စခန်းကို ယနေ့ အောက်တို ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် KIA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ ခါယာစခန်းကနေ လိုင်ဇာဌာနချုပ်ရှိရာ အနီး၀န်းကျင်သို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် AA တပ်စခန်းရှိရာ ပတ်၀န်းကျင်နှင့် မုန်လိုက်ခက်စစ်ရှောင်ရွာ အနီး၀င်းကျင်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် နေကြောင်းလည်း သိရသည်။

ဓာတ်ပုံ-Kachinwave

ပုံစာ – မုန်းမော်ရှိ တပ်ရင်းစခန်း။

Be the first to comment

Leave a Reply

Your email address will not be published.


*