တိုက်လေယာဉ်ကြီးနဲ့ ကြောက်ချေးပါနေကြောင်း သက်သေ ရုပ်သံတွေ ထွက်ပေါ်လာ

ပစ်ချခံရမည့် အန္တရာယ်ကို စိုးရိမ်ခဲ့သည့် စစ်ကောင်စီလေယာဉ်

31 October 2023 – Kachinwaves

ဗီဒီယိုဖိုင်တွင် မြင်တွေ့ရသည့်မီးပွါးများမှာ မြေပြင်မှ လေယာဉ်သို့ လှမ်းပစ်သည့် လက်နက်ကြီး (သို့) ဒုံးများကို လမ်းလွဲရန် အသုံးပြုသည့် အပူထုတ်လွတ် ပစ္စည်းတစ်မျိူး Infrared Decoy Flare PPI-26-2-1 ဖြစ်ကြောင်း သိရှိရသည်။

ယင်းပစ္စည်းကို Magnesium သို့မဟုတ် ပူပြင်းတောက်ပစွာ လောင်ကျွမ်းတတ်သည့် သတ္တုတစ်မျိုးမျိုးကို အခြေခံပြီးထုတ်လုပ်ထားပြီး လောင်ကျွမ်းချိန် သုံးစက္ကန့်သာကြာမြင့်ကြောင်း သိရသည်။

အနီအောက်ရောင်ခြည် (infrared radiation, IR) ကို အခြေခံထားပြီး ၎င်းတို့ကို စစ်ရေးပြအခမ်းအနားများတွင် အလှပြရန် အသုံးပြုကြောင်း သိရှိရသည်။

KIA ဌာနချုပ်၊ လိုင်ဇာမြို့အနီးရှိ အလဲန့်ဘွမ်ကို ယနေ့မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့သည်။

ညနေပိုင်း ၆ နာရီဝန်းကျင်တွင် ယင်းတောင်ကြောကို လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် ထပ်မံပြုလုပ်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *