ကနီ မုန့်ဟင်းခါး

ကနီမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများနှင့် ကင်းလှည့်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများနှင့် ကင်းလှည့်သော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာ ၃၁ ရက် ည ၁၁ နာရီခန့်က ကနီမြို့နယ်၊ အလယ်ကျွန်း ပျူရွာနှင့် ကနီမြို့ မြစ် ကမ်းဘေး၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို Shar Htoo Waw နည်းပညာ မောင်သူမဲ့လေယာဉ်ဖြင့် 1 Kg ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ကနီမြို့ပေါ်ကတော့ မြစ်ကမ်းဘေး ကျဲချခဲ့တာ၊ ဒရုန်းနဲ့ ဗုံးသီးကျဲချလို့ မြို့အရှေ့ဘက်ကို မူးမူးနဲ့ ထွက် လာတဲ့ စခတွေ ထောင်ထားတဲ့ တိုက်မိုင်းမိပြီး သေတာ၊ မသေတဲ့ ၃ ဦးလည်း ကနီဆေးရုံပေါ်မှာ ဆေး ကုသနေတယ်၊ ဗုံးကျဲချလို့ သင်္ဘောပေါ်ကရော ပျူရွာကရော ၆၀ မမတွေ၊ ဂန်းငယ်တွေနဲ့ ရမ်းသမ်းပစ် ခတ်တာတွေရှိခဲ့ပါတယ်၊ ပြည်သူတွေလည်း ထိခိုက်မှုမရှိသလို ကျနော်တို့ ရဲဘော်တွေလည်း ထိခိုက်မှုမ ရှိခဲ့ပါဘူး” ဟု ကျောက်လုံးကြီး KLG PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကနီမြို့အရှေ့ဘက်ကို အကြမ်းဖက် စစ်တပ်က စစ်သား ၁၀ ဦးခန့်ဖြင့် ကင်းလှည့်ထွက်လာစဥ် ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့က တိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သား ၃ ဦးသည် ကနီမြို့ပေါ်ရှိ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*