တတ်မလာပါနဲ့ဆိုတာကို ယာဉ်တန်းလိုက်အလှူလာပေးလိုက်သေး(ရုပ်သံ)

“တက်မလာနဲ့ သိလား။ ခင်ဗျားတို့ မြောက်ပိုင်းလာရင် သေဖို့ပဲရှိတယ်” ဟု စစ်ကောင်စီတပ်သားများကို မန္တလေး PDF က သတိပေး

■ နောင်ချိုမြို့သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်ယာဉ်တန်းနှင့်စစ်ကြောင်းကို တိုက်ခိုက်မှု သံချပ်ကာယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး သေနတ် ၆ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ အုမ္မသီး၊ အုမ္မခါးလမ်းခွဲတွင် အကြမ်းဖက်စစ်ကောင်စီ သံချပ်ကာ ယာဉ် တန်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်တစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး သေနတ် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF မှ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန်က ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၂၇ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့မှ နောင်ချိုမြို့ဘက်သို့ ဦးတည် ထွက်ခွာလာသော သံချပ် ကာယာဉ် ၂ စီး အပါအဝင် စစ်ကား အစီး ၃၀ ခန့် နှင့် အကြမ်းဖက်စစ်သား ၁၅၀ ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က နောင်ချိုမြိုနယ် အုမ္မသီး၊အုမ္မခါး လမ်းခွဲ အနီး၌ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာ ၁ စီး ထိခိုက်ပျက်စီးပြီး စစ်ယာဉ်တန်းမှာ နောက်ပြန် ဆုတ်ပြေးသွားကြောင်း၊ ထို့သို့ ဆုတ်ခွာသွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အသုံးပြု သော MA1 ၁ လက် ၊ MA2 ၃ လက် ၊ MA3 ၂ လက် နှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“သံချပ်ကာကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ မီးခိုးတွေထွက်ပြီး နောက်ပြန်ဆုတ်သွားတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲဆိုတော့ စစ်ခွေး အသေ အပျောက် စာရင်းမသိရသေးဘူး။ သေနတ် ၆ လက် သိမ်းဆည်းရရှိတယ်။ လက်ရှိမှာ ဒီလောက်ပဲ ပြောလို့ရပါသေးတယ်” ဟု ကိုအောင်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နောင်ချိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ၁ ကြိမ် ၊ မွန်းလွဲ ၂ နာရီခန့်တွင် ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးဘဲ ဂျက်တိုက်လေယာဉ်များ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် အချိန်တွင် လည်း တိုက် လေယာဉ်က စက်သေနတ်များဖြင့် ၁၄ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၇ နာရီ အချိန်အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေခဲ့ကာ အကြမ်းဖက် စစ်ယာဉ်တန်းမှာ လည်း ရှေ့ဆက်တက်နိုင်ခြင်းမရှိဘဲ အထိနာလျက်ရှိကြောင်း မန္တလေး PDF တပ်ဖွဲ့က ကနဦး သတင်း ထုတ်ပြန် ထားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရသော စစ်ကောင်စီတပ်သားများနှင့် သေဆုံးသူများကို သွာ းရောက် ရိုက်ကူးထားသော ဗီဒီယိုတွင် မန္တလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက “တက်မလာနဲ့ သိလား။ ခင်ဗျားတို့ မြောက်ပိုင်းလာရင် သေဖို့ပဲရှိတယ်” ဟု သတိပေး ပြောဆိုထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် တည်ရှိသော အဖွဲအစည်းဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မှစ၍ “တောင်သမန် စစ်ဆင်ရေး”ကို ဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *