မြောက်ပိုင်းပွဲမပီးသေးဘူး တောင်ပိုင်းပွဲလည်းကနေပီ(ရုပ်သံ)

လောင်းလုံးမြို့နယ် လက်ခပ်တောင်(တာဝါတိုင်)စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လက်ခပ်တောင်(တာဝါတိုင်)စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးခဲ့တယ်လို့ D.D.F – Dawei Defense Force _ Tni မှ သတင်းရရှိပါတယ်

နံနက် ၁၀ နာရီခွဲခန့်က မဟာမိတ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး လောင်းလုံးမြို့နယ် လက်ခပ်တောင်(တာဝါတိုင်)စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဉီးသေဆုံး အချို့ဒဏ်ရာရရှိခဲ့ကာ

ထားဝယ်မြို့နဲ့ လောင်းလုံးမြို့က စစ်ကောင်စီတပ်သားတွေ စစ်ကူရောက်လာတဲ့အတွက် တော်လှန်ရေးအင်အားစုတွေ စခန်းကုန်းကို မသိမ်းပိုက်နိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်

အထက်ပါစစ်ဆင်ရေးတွင် နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) နဲ့ ထားဝယ်ခရိုင် တပ်ရင်း (၁)- T1 အပါအဝင် မဟာမိတ် တော်လှန်ရေးအင်အားစုများဖြစ်သော Guerrilla Dawei ၊ DDT တပ်ခွဲ (၃)၊ DDF ၊ Special Guerrilla Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ေလာင္းလုံးၿမိဳ႕နယ္ လက္ခပ္ေတာင္(တာဝါတိုင္)စခန္းအား ေတာ္လွန္ေရးပူးေပါင္းတပ္ေတြ ဝင္ေရာက္တိုက္ခိုက္ (႐ုပ္/သံ)

တနသၤာရီတိုင္း၊ ထားဝယ္ခရိုင္၊ ေလာင္းလုံးၿမိဳ႕နယ္ လက္ခပ္ေတာင္(တာဝါတိုင္)စခန္းအား ေတာ္လွန္ေရးပူးေပါင္းတပ္ေတြ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ စစ္သား ၂ ဉီးေသဆုံးခဲ့တယ္လို႔ D.D.F – Dawei Defense Force _ Tni မွ သတင္းရရွိပါတယ္

နံနက္ ၁၀ နာရီခြဲခန႔္က မဟာမိတ္ေတာ္လွန္ေရးအင္အားစုမ်ား ပူးေပါင္းၿပီး ေလာင္းလုံးၿမိဳ႕နယ္ လက္ခပ္ေတာင္(တာဝါတိုင္)စခန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ တိုက္ပြဲ ၂ နာရီခန႔္ ျဖစ္ပြားခဲ့ၿပီး စစ္သား ၂ ဉီးေသဆုံး အခ်ိဳ႕ဒဏ္ရာရရွိခဲ့ကာ

ထားဝယ္ၿမိဳ႕နဲ႔ ေလာင္းလုံးၿမိဳ႕က စစ္ေကာင္စီတပ္သားေတြ စစ္ကူေရာက္လာတဲ့အတြက္ ေတာ္လွန္ေရးအင္အားစုေတြ စခန္းကုန္းကို မသိမ္းပိုက္နိုင္ခဲ့ဘဲ ျပန္လည္ဆုတ္ခြာခဲ့ရတယ္လို႔ သိရပါတယ္

အထက္ပါစစ္ဆင္ေရးတြင္ ေႏြဦးေျပာက္က်ားတပ္ဖြဲ႕ (Nway Oo Guerrilla Force) နဲ႔ ထားဝယ္ခရိုင္ တပ္ရင္း (၁)- T1 အပါအဝင္ မဟာမိတ္ ေတာ္လွန္ေရးအင္အားစုမ်ားျဖစ္ေသာ Guerrilla Dawei ၊ DDT တပ္ခြဲ (၃)၊ DDF ၊ Special Guerrilla Force တို႔က ပူးေပါင္းတိုက္ခိုက္ခဲ့ၾကပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *