(၈)ရက်မြောက်တွင် ကိုးကန့် ဝမ့်နင်ကျွမ်းဒေသ စခန်းတစ်ထပ်သိမ်း(ရုပ်သံ)

နိုဝင်ဘာလ ၃ ရက်နေ့တိုက်ပွဲသတင်းများ-ကိုးကန့်စစ်ကြောင်းသည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသဘက်သို့ ဆက်လက်ထိုးဖောက်ခဲ့ပြီး ကိုးကန့် ဝမ့်နင်ကျွမ်းဒေသ ရှိစစ်ကောင်စီ၏တပ်စခန်းကို တိုက်ခိုက်သိမ်းယူခဲ့

ကိုးကန့်သတင်းမီဒီယာ

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့

(၁၀၂၇) စစ်ဆင်ရေး Operation ကြီး ဆောင်ရွက်လာသော (၈)ရက်မြောက်တွင် မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ်တပ်မတော် (MNDAA) သည် စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ ဝမ့်နင်ကျွမ်စခန်းနှင့် ရှီးရှမ်ဒေသ သာရွှေထန်ရွာအုပ်စု ၊ ချောက်ပါးကျိုင့်တပ်စခန်းများကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူခဲ့ပါသည်။

လက်ရှိအချိန်အထိ MNDAA မှ စစ်ကောင်စီ၏ အကြီး၊အသေး၊ ယာယီတပ်စခန်းစုစုပေါင်း (၉၇) ခုကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့သည်ဟု သိရပါသည်။

ကိုးကန့်တိုက်ပွဲ

=====

(၃) ရက်နေ့ နံနက် (၃)နာရီခန့်တွင် ကိုးကန့်(MNDAA)သည် ကိုးကန့်ခရိုင်၊ချောက်ပါးကျိုင့်နေရာရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်း ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး (၈း၃၀)နာရီခန့်တွင် အောင်မြင်စွာသိမ်းယူနိုင်ခဲ့သည်။ ထို့ပြင် ကိုးကန့် (MNDAA) သည် ကိုးကန့်ခရိုင်ရှိ ဝမ့်နင်ကျွမ် ၊ ရှီမိန်ခိုင် နှင့် ကျန်ကြားလယ်ကွင်းတပ်စခန်း(၃)ခု ကို နံနက် (၇း၃၃)နာရီ မှစတင်တိုက်ခိုက်ခဲ့ပြီး (၉)နာရီအချိန်တွင် အပြီးပြတ် သိမ်းယူနိုင်ခဲ့သည်။

မူပန်(သိန္နီ)တိုက်ပွဲ

=====

နိုဝင်ဘာလ( ၂) ရက်နေ့ ည(၁၂း၂၂)နာရီတွင် မူပန်(သိန္နီ)ခရိုင်၊ မေဟန်ကျေးရွာအနီးရှိ စစ်‌ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ကိုးကန့်(MNDAA )မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *