ပုန်းနေတာပါဆို (ဗီဒီယိုဖိုင်)

ရွှေဘိုမြို့နယ်၊ ဘုံးဘွဲ့ ရွာအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုံးဘွဲ့ ရွာအနီး ကင်းပုန်းဝပ်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း BLACK WOLF – ARMY အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရွှေဘိုမြို့နယ်၊ ဘုံးဘွဲ့ ရွာအနီးတွင် ကင်းပုန်းဝပ်လျက်အကြမ်းဖက် စစ်သားများ နေထိုင်ရာနေရာကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BLACK WOLF – ARMY နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်သော Who am i – army ၊ Forest Fighter တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*