စစ်ကိုင်းမှာလည်း ခိုတောင်မုန့်တီတွေ စားနေကြတာရှယ်ပဲ

အမှတ် (၁) စစ်ဒေသအတွင်းက ရန်သူ့တပ်အထိုင်စခန်းတွေနဲ့ ရဲစခန်းတွေကို

တပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်

နိုဝင်ဘာ (၄)၊ ၂၀၂၃

အမှတ် (၁) စစ်ဒေသအတွင်းက စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်၊ ကလေးမြို့နယ်၊ ကလေးဝမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကျွန်းလှမြို့နယ်နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့မှာ တပ်စွဲထားတဲ့ ရန်သူ့တပ်အထိုင်စခန်းတွေ ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းတပ်ဖွဲ့တွေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ က နိုဝင်ဘာလ (၃) ရက်နေ့မှာ အာရုဏ်တက်ချိန်ကစ ပူးပေါင်း လက်တွဲပြီး တပြိုက်ထဲ ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ ဆက်တိုက် သိမ်းပိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။

ဒါ့ပြင် နိုဝင်ဘာလ (၂) ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာက ရန်သူ့တပ်အထိုင်စခန်းကုန်းကို ခန္တီးခရိုင်တပ်ရင်း (၁)၊ HPDF 124၊ HPDF မိုးကြိုး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ(ပကဖ)က မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲတွေကို နိုင်ငံအဝန်းမှာ ဟန်ချက်ညီ ဖော်ဆောင် ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *