မြင်းမူမြို့နယ်မှာ ခဝေးတွေကိုနတ်နတ်သီးကျွေး(ရုပ်သံ)

မြင်းမူမြို့နယ် အထကကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++++++

နိုဝင်ဘာ ၆ ရက်

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အထကကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Hero Revolution Force MMU မှ သတင်းရရှိပါတယ်။

ယနေ့ နိုဝင်ဘာ ၆ ရက် မြင်းမူမြို့နယ် အထကကျောင်းထဲတွင် နိုဝင်ဘာ ၅ ရက်က စစ်ယာဉ် ၂ စီးနဲ့ အကြမ်းဖက်စစ်သားတွေကို အင်အားတိုးချထားတဲ့သတင်းအရ Hero Revolution MMU မှ ရဲဘော်များက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုရှိတယ်လို့ သိရပြီး စစ်သားတွေက လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်တွေ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *