“အခမ်းအနားဖြင့် သဂြိုလ်မည်”တဲ့ နောက်ခဝေးတွေအားကျရအောင်

မုံးကိုးမြို့နယ်၊ ပန်လုံဗျူဟာကုန်း တိုက်ပွဲတွင် သေဆုံးခဲ့သော တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီး အောင်ကျော်လွင် နာရေး စစ်အခမ်းအနားဖြင့် သဂြိုလ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ပန်လုံဗျူဟာကုန်းတိုက်ပွဲတွင် ဒရုန်းဗုံး ထိမှန်သေဆုံးခဲ့သော တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်/ ဗိုလ်မှူးကြီး အောင်ကျော်လွင်၏ နာရေးကို စစ်အခမ်းအနားဖြင့် မိတ္တီလာတွင် သဂြိုလ်မည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်း ဗိုလ်မှူးချုပ်/ဗိုလ်မှူး‌ကြီးအောင်ကျော်လွင်သည် ယမန်နေ့တွင် မုံးကိုး အခြေပြု ပန်လုံ ဗျူဟာစခန်းတွင် ဒရုန်းဗုံးထိမှန်သေဆုံးခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးကြီးအောင်ကျော်လွင်သည် အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (အတိုကောက် စကခ(၈)) သည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်တည်ရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မှ ရာထူးတိုးဖြင့် တပ်မ ၉၉ တပ်မမှူးအဖြစ် ယခုနှစ် ဩဂုတ်လတွင် ပြောင်းရွှေ့လာသူဖြစ်ကြောင်း၊ ၎င်း၏ အလောင်းကို ရဟတ်ယာဉ်ဖြင့် သက်ဆိုင်ရာ တပ်မသို့ ပြန်လည် သယ်ယူဆောင်သွားသည်ဟု သိရှိရကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

“အလောင်းကတော့ တပ်မ ၉၉ ဌာနချုပ် မိတ္တီလာကို ပြန်ရောက်ပြီလို့ သိရတယ်။ စစ်အခမ်းအနားနဲ့သဂြိုလ်မယ်။ အမိန့်ပြန်မယ်” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က မုံးကိုးမြို့နယ်ရှိ တပ်မ ၉၉ တပ်မမှူး ကွပ်ကဲနေသော ပန်လုံဗျူဟာကုန်း (အဓိကပင်မကုန်း) နိုဝင်ဘာလ ၄ ရက်နေ့ ကတည်းကပင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာ နိုဝင်ဘာလ (၅) ရက်နေ့တွင် အပြီးသတ်ချေမှုန်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မရှုမလှ အရေးနိမ့်နေသော စစ်ကောင်စီတပ်၏ ကားများနှင့် ဗျူဟာစခန်း။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *