သိမ်ဇရပ်မြို့နယ် ထွေ/အုပ်ရုံး နတ်နတ်သီးစာမိ

သိမ်ဇရပ်မြို့နယ် ထွေ/အုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ ၊ ကျိုက်ထိုတွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၈

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း KNU တပ်မဟာ ၁ နယ်မြေတွင်ရှိနေသော PDF တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ် ၊ သိမ်ဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး သို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအနက်မှ ၁ ဦးသေဆုံးပြီး ၃ ဦးစိုးရိမ်ရဒဏ်ရာရရှိကာ ၇ ဦး မှာ မစိုးရိမ်ရ ဒဏ်ရာရှိကြောင်း သိရှိရသည်။

“သိမ်ဇရပ်မြို့ ထွေအုပ်ရုံးကို ပစ်ခတ်ပြီးတော့ ပြန်ဆုတ်ခဲ့တယ်။ အဲဒီလို ဖြစ်ပြီးတော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာမှာ ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိပါတယ်” ဟု PDF တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ် အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်စုကျေးရွာ ဝန်းကျင်ရှိ ကင်း ပုန်း ဝပ်နေသော စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စီး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *