မိုင်ဆွန်ခ ၈စီးမြောက် သံရည်ကျိုစက်ပို့

နောင်ချိုမြို့နယ်သို့ စစ်ကူလာသော သံချပ်ကား ၃ စီးနှင့် စစ်ကြောင်းကို TNLAနှင့် PDF တပ်များ က တိုက်ခိုက်မှု သံချပ်ကာ ကား ၁ စီးပျက်စီးပြီး ကျန် ၂ စီးနှင့်စစ်ကူများ နောက်ပြန်ဆုတ်သွား

ရန်ကုန်၊ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကူလာသော သံချပ်ကား ၃ စီးနှင့် စစ်ကြောင်းကို TNLAနှင့် PDF တပ်များ က တိုက်ခိုက်ရာ သံချပ်ကာ ကား ၁ စီးပျက်စီးပြီး ကျန် ၂ စီးနှင့်စစ်ကူများ နောက်ပြန်ဆုတ်သွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်၊ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင် သံချပ်ကာကား (၃)စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သံချပ်ကာကား ၁ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး၊ ကျန် (၂)စီးနှင့် စစ်ကူများသည် နောက်ပြန်ဆုတ်သွားခဲ့ကြောင်း သိရှိရသည်။

လတ်တလော နောင်ချိုမြို့နယ် ပတ်ပတ်လည်တွင် TNLA တပ်များက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များနှင့် မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊ MNDAA ကမူ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ သံချပ်ကာနှင့်တင့်ကား ၇ စီးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နောင်ချိုတွင် ပျက်စီးကျန်ရစ်ခဲ့သော စစ်ကောင်စီ၏ သံချပ်ကာကား။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *