မြောက်ဦးမှာ စစ်ကောင်စီ ရဲခြောက်ဦးနဲ့ ကားတစ်စီးကို ရက္ခိုင့်တပ်တော်ဖမ်းဆီးသွား
နိုဝင်ဘာလ ၉ ရက်
မြောက်ဦးမှာ စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင်ခြောက်ဦးနဲ့ကားတစ်စီးကို နိုဝင်ဘာလ ၇ ရက်၊နေ့လည် ၃ နာရီအချိန်ခန့်က ရက္ခိုင့်တပ်တော်(AA)မှဖမ်းဆီးခေါ် ဆောင်သွား တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီရဲတပ်ဖွဲ့ဝင်တွေဟာ မြောက်ဦးမြို့ပေါ်မှာ ကားတစ်စီးနဲ့ကင်းလှည့်နေတာမို့ ထမ္မရာဇ်ဆင်းလမ်းအရောက်မှာ ရက္ခိုင့်တပ်တော် (AA)တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ မျက်မြင်တွေက ဆိုကြပါတယ်။
”ရဲတွေကိုအေအေကဖမ်းခေါ်သွားတော့ တမြို့လုံးတိတ်သွားပါတယ်။တချို့ကတော့ ဆိုင်တွေပိတ်ထားကြပါတယ်။မြို့ကလူတွေကတော့အခြေအနေကို စောင့်ကြည့်နေကြပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီလိုဖမ်းဆီးခေါ်ဆောင်သွားပေမယ့်စစ်ကောင်စီတပ်ဖက်က လှုပ်ရှားမှုတွေမတွေ့ရပေမယ့် ညဖက်တွေမှာ မြို့နေပြည်သူတွေကို ဝင်ရောက်ရှာဖွေဖမ်း ဆီးသွားမှာကို စိုးရိမ်နေကြရတယ်လို့မြို့ခံတွေက ဆိုကြပါတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား ၂၀၂၂ ခုနှစ်၊နိုဝ င်ဘာလ ၂၆ ရက်နေ့က ယာ ယီအပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က စစ်ရေးလေ့ကျင့်တာတွေ၊စစ်သည်၊လက်နက်၊ရိက္ခာဖြည့်တင်းတာတွေပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် စစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင် စီတပ်ဖွဲ့ဝင်စစ်သားတွေနဲ့အတူ စစ်ဆေးတာ၊ကင်းလှည့်တာ၊ဝင်ရောက်ရှာဖွေတာတွေပါ ပြုလုပ်နေကြတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
”ခုနောက်ပိုင်း ရဲတွေကလည်း စစ်သားတွေလိုလုပ်နေပါတယ်။အဲဒီတော့ ပြည်သူတွေကလည်း ရဲတွေကို သိပ်မကြိုက်ကြတော့ဘူး။ဒါကြောင့် အေအေက ရဲတွေကို သတိပေးတဲ့အနေနဲ့ဖမ်းသွားတာထင်ပါတ ယ်။”လို့ ရခိုင်လွတ်တော်အမတ်ဟောင်းတစ်ဦးက ပြောပါတယ်။
ရခိုင်က စစ်ကောင်စီတပ်ရင်း၊တပ်စခန်းတချို့မှာရဲတပ်ဖွဲ့ဝင်တွေကိုအင်အားဖြည့်ချထားသလို စစ်ရေးလှုပ်ရှားမှုတွေမှာလည်း အသုံးပြုနေကြတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့် စစ်ကော င်စီတပ်က စစ်ရေးလှုပ်ရှားပြင်ဆင်မှုတွေ အရင်ထက် ပိုမိုများပြားလာနေတာကို တွေ့နေရတယ်လို့ညီနောင်မဟာ မိတ်တွေထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ-မြောက်ဦးမြို့ရှိစစ်ကောင်စီရဲတပ်ရင်းထဲမှအမြောက်ကုန်းတွေကို အောက်တိုဘာလ ၃၁ ရက်နေ့ကတွေရပုံ