နာရေးချနေချိန် နတ်နတ်သီးစာ ထပ်မိ (ရုပ်/သံ)

မာလဲတောရွာမှာ ထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက် ၂ ဉီးသေဆုံးပြီး ၂၃ ဉီးဒဏ်ရာရ နာရေးချနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++

နိုဝင်ဘာ ၉ ရက်

စစ်ကိုင်းမြို့နယ် မာလဲတောရွာမှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကား လမ်းပိုင်း မိုင်းရှင်းထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဉီးသေဆုံးပြီး ၃ ဉီးဒဏ်ရာရရှိသွားတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၇ ရက်က ကားလမ်းပိုင်းမိုင်းရှင်းထွက်လာတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ၂ ဉီးသေဆုံးပြီး ၃ ဉီးဒဏ်ရာရရှိသွားကာ သေဆုံးသွားသူတွေကို နာရေးချနေချိန်

သချိုင်းကုန်းဇရပ်ကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာ ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုထပ်တိုးနိုင်ပေမယ့် သတင်းအတိအကျမရသေးလို့ ဆိုပါတယ်။

အထက်ပါတိုက်ခိုက်မှုကို Phoenix (SGG)၊ MMU(PDF)၊ အညာသားလေး(SGG)၊ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့၊ Royal Falcon Guerrilla Force၊ Fight For Federal၊ စစ်ကိုင်းမြို့နယ် (ပ.က.ဖ)နဲ့ စစ်ကိုင်းခရိုင် တပ်ရင်း(၇)နှင့် နယ်မြေခံ (ပ.က.ဖ)တွေက ပူးပေါင်း‌ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *