ပုလဲနဲ့ ယင်းမာပင်မှာ စစ်ကြောင်းထိုးနေတဲ့ ကျားဘီလူး အဖွဲ့ကို နတ်နတ်သီးကျွေး(ရုပ်သံ)

ပုလဲနဲ့ ယင်းမာပင်မှာ တစ်လကျော် စစ်ကြောင်းထိုးနေတဲ့ ကျားဘီလူး အဖွဲ့ကို မိုင်းဆွဲ၊

အထိနာတဲ့ စစ်အုပ်စုက အနီးနား ရွာကို မီးရှို့ဖျက်ဆီး၊

သက်တန့်/ MFP ၊ နိုဝင်ဘာ – ၉

စစ်ကိုင်းတိုင်း ပုလဲနဲ့ ယင်းမာပင်မြို့နယ်ထဲ အောက်တိုဘာ လဆန်းပိုင်းက စတင်ပြီး တစ်လကျော်ကြာ စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်နေတဲ့ ကျားဘီလူး အမည်ခံ စစ်အုပ်စုနဲ့ ကား(၁၇)စီးပါ ခိုးရာပါ ပစ္စည်းသယ် ယာဉ်တန်းကို မနေ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်အုပ်စု အသေအပျောက် ရှိပြီးနောက် အနီးအနားက ကျေးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

နိုဝင်ဘာ(၈)ရက် မနေ့က ပုလဲနဲ့ ယင်းမာပင်မြို့နယ်ကြား၊ မှာ အထက်ပါ စစ်အုပ်စုနဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အင်အား(၂၀၀)ဝန်းကျင် ရှိတဲ့ အဲ့ဒီ စစ်အုပ်စုနဲ့ ကား(၁၇)စီးပါ ယာဉ်တန်းဟာ နိုဝင်ဘာ(၆)ရက်က ပုလဲမြို့ပေါ်ကနေ စတင် ထွက်ခွါလာပြီး ယင်းမာပင်မြို့ဘက် ဦးတည်သွားလာနေတာ ဖြစ်ပါတယ်။ ပုလဲနဲ့ ယင်းမာပင်မြို့ဟာ ခုနှစ်မိုင်ခန့်သာဝေးပေမယ့် တော်လှန်ရေးတပ်တွေရဲ့ လမ်းတလျှောက် တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဟာ လမ်းမှာ နှစ်ညအိပ်ခဲ့ရပြီး နိုဝင်ဘာ(၈)ရက် မနက်(၁၀)နာရီကျော်မှသာ ယင်းမာပင်မြို့ကို ဝင်ရောက်နိုင်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနေ့ နိုဝင်ဘာ(၈)ရက် မနက်(၆)နာရီက စတင်ပြီး လက်တောင်းကြီးရွာနဲ့ လည်ငေါက်ရွာကြားမှာ စစ်အုပ်စုရဲ့ ခိုးရာပါယာဉ်တန်းကို တော်လှန်ရေး အဖွဲ့တွေက လမ်းတလျှောက်လုံး မိုင်းဆွဲ တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ အသေအပျောက် အရေအတွက်ကို အတိအကျ မသိရပေမယ့် အထိနာသွားတဲ့ စစ်အုပ်စုက မိုင်းဆွဲတဲ့ အနီးမှာရှိတဲ့ လက်တောင်ငယ်ရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးလို့ နေအိမ် အလုံး(၅၀)ကျော် ပြာကျပျက်စီးတယ်လို့ ယင်းမာပင်နယ် Blue Rose Y.M.B pdf တပ်ဖွဲ့ တာဝန်ရှိသူ ကိုသာဒင်က MFP ကို ပြောပါတယ်။

“ယာဉ်တန်းက (၁၇)စီး။ စကစယာဉ်က ငါးစီး ပါတယ်ဗျ။ ကျန်တာက မိုးကာအုပ်တွေနဲ့ (၁၂)ဘီးကား၊ တွဲကားတွေ။ အရပ်သားကားက (၁၂)စီးပါတယ်ဗျ။ ခြေလျှင်နဲ့ ရှေ့ကနေပြီးတော့ ဘယ်တောင်ပံ၊ ညာတောင်ပံ ဖြန့်ပြီးတော့ကျတော့ ခြေလျှင်စစ်ကြောင်းက ရှေ့ကနေ ရှင်းလင်းရေး ဝင်ပြီးတော့ကျတော့ ယာဉ်တန်းက နောက်ကနေ ဖြည်းဖြည်းချင်း လိုက်တာ။ ကျနော်တို့ ဆွဲတာတော့ မိုင်းငါးပွိုင့် ဆွဲခဲ့တယ်”

ဒါ့အပြင် နိုဝင်ဘာ(၇)ရက်ကလည်း အဲ့ဒီ စစ်အုပ်စု ယာဉ်တန်း လက်တောင်းကြီးရွာမှာ ရောက်ရှိနေချိန် ရဟတ်ယာဉ်သုံးစီးနဲ့ စစ်အုပ်စု အင်အား (၇၀)ဝန်းကျင်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်အတွင်းက ယင်းမာပင်၊ ပုလဲနဲ့ ဆားလင်းကြီးမြို့နယ်တွေကို မကြာခဏ ဆိုသလို အင်အား ရာနဲ့ချီ အသုံးပြုပြီး စစ်ကြောင်းထိုးကာ သောင်းကျန်းသတ်ဖြတ်၊ ခိုးယူလုယက်လေ့ ရှိပါတယ်။

လက်ရှိ နောက်ပြန်ခေါက်နေတဲ့ စစ်အုပ်စုဟာ သူတို့ကိုယ် သူတို့ ကျားဘီလူးစစ်ကြောင်းအဖြစ် နာမည်ခံပြီး ပုလဲနဲ့ ယင်းမာပင်နယ်က ပြည်သူတွေကို ရန်ပြုကာ သတ်ဖြတ်၊ လုယက်၊ အကြမ်းဖက်နေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *