အညာမှာလည်းကိုင်ချက် မုန့်ဟင်းခါး၁၁ပွဲ

ဒီပဲယင်း၊ ရွှေဘို၊ မုံရွာနှင့် ကံမမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံး

နိုဝင်ဘာလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ ပုပ္ပါရုံကျောင်း၌ တပ်စွဲထားသော စစ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ် သား ၅ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်အချိန် ဒီပဲယင်းမြို့၊ ပုပ္ပါရုံကျောင်းတွင် တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံး ၁၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ရေဦးဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းက ဘုန်းကြီးကျောင်းက ဝင်နားတာ၊ ကျနော်တို့ ဗုံးသီးမချခင်တစ်နာရီလောက်ကမှ အဲဒီဘုန်းကြီးကျောင်းကိုဝင်တယ်၊ အင်အားက စစ်ကြောင်းတစ် ကြောင်းဆိုတော့ ၇၀ ကျော် ၈၀ လောက်ရှိတယ်၊

အခု ရေဦးဘက်ကို ဆက်ပြီး စစ်ကြောင်းထွက်နေ ပြီး အထမ်း ၄ ထမ်းလည်းပါတယ်၊ ညက ဗုံးကျဲတော့ ထိတဲ့ စစ်ခွေးတွေထမ်းလာတာ” ဟု ရွှေဘိုခရိုင် တပ် ရင်း ၁၄ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၄ – ရေဦး PDF ၊ ရေဦး ပကဖ ၊ Sagaing Federal Wings ၊ စစ်ကိုင်း ပကဖ ၊ GTR – MMU နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၅ (MRA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Brave Heart Army –BHA တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၈ ရက် နေ့က အင်အား ၃၅ ဖြင့် တပ်စွဲထားသော ညောင်ဖြူပင် အထိုင်ရဲစခန်းကို SHAR HTOO WAW နည်းပညာဖြင့် ဒရုန်းဗုန်းသီး ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁ ဦး သေဆုံးပြီး ရဲစခန်းအတွင်း၌ပင် မီးသင်္ဂြိလ်ခဲ့ကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို BRAVE HEART ARMY.BHA -မုံရွာခရိုင်တပ်ရင်း ၁၀ ၊ FAMER REVOLUTION FORCE. 3- မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၃ နှင့် တိမ်တမာန် လေကြောင်းစစ်ဆင်ရေးတပ်ဖွဲ့ တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၁၀ ရပ်ကွက်၊ သရက်ခြံ ၄ လမ်းထိပ်တွင် အကြမ်းဖက်စစ် ကောင်စီ ကင်းလှည့်ကားတစ်စီးကို လက်ပစ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေ ဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က အကြမ်းဖက်စစ်သား ၁၄ ဦးလိုက်ပါစီးနင်းလာ သော ကင်းလှည့်ကားတစ်စီးကို လက်ပစ်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားပေါင်သို့ မိုင်း ၂ လုံး စလုံးကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်၂၃ တပ်ရင်း၊ Naungyoe Army တပ်ခွဲ ၁၊ Revolution soliders တပ်ခွဲ ၂ ၊ ရွှေဘိုကျားကြီး၊ ရှိမ်းမကားတိုက်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ်၄ ရွှေလျားမိုင်း တပ်ဖွဲ့နှင့် တာနောယက္ခအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို မိုင်းခွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင်တပ်ရင်း ၄ ထံမှ သိရ သည်။

ယမန်နေ့ နိုဝင်ဘာလ ၉ ရက် ည ၇ နာရီ မိနစ် ၅၀ ခန့်က ကံမမြို့စစ်ကောင်စီတပ်ဖွဲ့၏ တောင်ပေါ် စစ်ဆေးရေးဂိတ်ကို ပြင်းအားမြင့် မိုင်း ၁ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေ ဆုံးပြီး ၇ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်း(Eagle Force)၊ ကျောင်းသားလက်ရုံးတပ်တော် (S.A.F)၊နှင့် လွတ်မြောက်သောစစ်သည်တော်များ တပ်ဖွဲ့ (W.O.L.F) ပူးပေါင်း စစ် ကြောင်းတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *