ရေစကြိုမြို့ရှိ ငြိမ်းဇာနီစစ်မှုထမ်းဟောင်းရုံးကို မင်ဂွတ်သီးကျွေး(ရုပ်သံ)

ရေစကြိုမြို့ရှိ ငြိမ်းဇာနီစစ်မှုထမ်းဟောင်းရုံးကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် (ရုပ်သံ)

နိုဝင်ဘာလ ၁၀

မကွေးတိုင်း ရေစကြိုမြို့ရှိ ငြိမ်းဇာနီစစ်မှုထမ်းဟောင်းရုံးကို ဒေသကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)ထံမှ သိရ သည်။

ငြိမ်းဇာနီတပ်စခန်း (စစ်မှုထမ်းဟောင်းရုံး)အား ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ (၂)နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စခန်းသိမ်းနိုင်ရန်အလိုတွင် ရုံးပေါင်းစုံမှ စစ်ကူလာသော စစ်ကူများအား ကြားဖြတ်တိုက်ခိုက်မှုအား ရေရှည်တောင့်မခံနိုင်သောကြောင့် ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း MBTတပ်ဖွဲ့မှ ရဲဘော်(၂)ဦးဒဏ်ရာရရှိခဲ့ပြီး ငြိမ်းဇာနီတပ်စခန်းမှ စစ်ကောင်စီတပ်နှင့် ပျူစော ထီး(၅)ဦးမှာ ထွတ်ပြေးသွားကာ (၂)ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် တိုက်လေယာဉ်တစ်စီးဖြင့် ရေလယ်ကျွန်းနှင့် မြောင်ဒေသတစ် နေရာအား နာရီဝက်ခန့် လာရောက်ပစ်ခတ်သွားခဲ့ရာ MBTတပ်ဖွဲ့မှ ရဲဘော်တစ်ဦးအပါအဝင် အခြားထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း သိရသည်။

ငြိမ်းဇာနီစခန်းတိုက်ခိုက်မှုကို YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Popa Production & Guerilla Force (PPGF)၊ မြောင်တပ်ပေါင်းစု၊ Thway Thauk Revolution Force တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *