ရေစကြိုမြို့နယ် ငြိမ်းဇာနည်စခတပ်စခန်းကို တိုက်ခိုက် (ရုပ်/သံ)

ရေစကြိုမြို့နယ် ငြိမ်းဇာနည်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက် (ရုပ်/သံ)

+++++++++++++++++++++

နိုဝင်ဘာ ၁၁ ရက်

မကွေးတိုင်းဒေသကြီး ရေစကြိမြို့ ငြိမ်းဇာနည်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဉီးသေဆုံးသွားတယ်လို့ Myingyan Black Tigerမှ သတင်းရရှိပါ တယ်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီခန့်က MBTနဲ့ ညီနောင်မဟာမိတ်တွေ ပူးပေါင်းပြီး ရေစကြိုမြို့နယ် ငြိမ်းဇာနည်တပ်စခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၅ ဉီး တိုက်ခိုက်မှုအတွင်း ထွက်ပြေးသွားပြီး ၂ ဉီး နေရာတွင် သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး ရုံးပေါင်းစုံမှ စစ်သားတွေ စစ်ကူရောက်လာတဲ့အတွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။ အပြန်အလှန်ပစ်ခတ် မှုအတွင်း MBTတပ်ဖွဲ့မှ ရဲဘော် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ညနေ ၃ နာရီ ၁၅ မိနစ်ခန့်မှာ စစ်ကောင်စီတပ်လေကြောင်းမှာ ရေလယ်ကျွန်းနဲ့ မြောင်ဒေသ အချို့ကို နာရီဝက်ခန့် လာရောက်ပစ်ခတ်သွားပြီး MBT မှ နောက်ထပ်ရဲဘော် ၁ ဉီးနဲ့ အခြား ထိခိုက်ဒဏ်ရာရရှိသွားသူတွေရှိတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *