ဗုဒ္ဓဟူး သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း

ဗုဒ္ဓဟူး သားသမီးများ အတွက် ၉ လပိုင်း တစ်လစာ ဟောစာတမ်း

ဗုဒ္ဓဟူး သားသမီးများ အတွက် ၉လပိုင်း တလစာ ဟောစာတမ်း

ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ မိမိလုပ်ငန်းရေရှည်အဆင်ပြေစေဖို့ အထောက်အပံ့ကောင်းပေးသူတွေရှိလာမှာပါ ခိုင်မြဲတည်တံ့စွာရပ်တည်နိုင်ဖို့ အထောက်အကူကောင်းပေးသူတွေရှိလာပီး ကြိုးစားထားသမျှအရာထင်လာတတ်ပါတယ် လခစားဝန်ထမ်းများအနေနဲ့ လက်ရှိလုပ်ငန်းခွင်ထဲမိမိကြိုးစားရင်ကြိုးစားသလောက် အသိအမှတ်ပြုခံရပီး ရာထူးလစာ ကိစ္စရပ်များအတွက် အထူးကောင်းမွန်မှုတွေရှိမှာပါ လုပ်ငန်းကိုင်ငန်း အခက်အခဲများကိုလဲ ဖြေရှင်းဆောင်ရွက်နိုင်ပါ
လိမ့်မယ်

အလုပ်ရှာဖွေနေသူတွေအတွက်ကောင်းမွန်တဲ့လုပ်ငန်းခွင်တခုနဲ့ချိတ်ဆက်ပေးမယ့်သူအကူအညီပေးမယ့်သူတွေကြောင့် အဆင်ပြေသွားမှာပါ
ပြည်ပထွက်ခွာဖို့ စီစဥ်နေသူများ အချိတ်အဆက်မိမိဆောင်ရွက်နိုင်ပီးထွက်ခွာဖို့အဆင်ပြေသွားမှာပါ

ငွေကြေးကံနဲ့ ပတ်သက်ရင် ပင်ပန်းခက်ခဲနေတဲ့အနေအထားကနေလွတ်မြောက်ပီး အကူအညီအထောက်အပံ့ကောင်းတွေ အမွေအနှစ် Bonus သို့ ချီးမြှင့်ငွေ ထီကံ စတာတွေကနေ ငွေဝင်ဖို့ရှိနေပါတယ်

ပညာရေးကံကတော့ ပညာရေးအထောက်အပံ့ကောင်းများရရှိခြင်း ကြောင့် အဆင်ပြေချောမွေ့စွာပညာသင်ယူခွင့်လေ့လာခွင့်များရရှိပါလိမ့်မယ်

အချစ်ရေးမှာတော့ ချစ်သူရှိပီးသားသူတွေအနေနဲ့ရွှေလက်တွဲ ပေါင်းဖက်ခွင့်ရဖို့အကြောင်းကံလေးတွေရှိနေပီးနှစ်ဖက်မိသားစုရဲ့ကောင်းချီးပေးမှုတွေရှိပါလိမ့်မယ်
ချစ်သူမရှိသေးသူတွေ ချစ်သူနဲ့လမ်းခွဲထားသူတွေကတော့ ချစ်စကားကမ်းလှမ်းလာတာ မေတ္တာတုံ့ပြန်လာတာတွေရှိတတ်ပီး အချစ်ရေးကံကောင်းနေတတ်ပါတယ်

အိမ်ထောင်ရေးနဲ့ပတ်သက်ရင်တော့ နားလည်မှု
အပြည့်နဲ့ပျော်ရွှင် ပြီးပြည့်စုံ သောမိသားစုဘဝလေးတခုပိုင်ဆိုင်ရပီး စိတ်တူကိုယ်တူပျော်ရွှင်ရမယ့်ကာလလေးပါ

ကျန်းမာရေးကတော့ ကိုယ့်ကိုကိုယ် ဂရုတစိုက်နေထိုင်ဖြစ်နေမယ့်ကာလဖြစ်ပီး စိတ်သွားတိုင်းကိုယ်ပါ ကျန်းမာနေမှာပါ

လူမှုရေး ကံလေးကတော့ မိသားစု မိတ်ဆွေများနဲ့ အေးအေးချမ်းချမ်းနေထိုင်ဖြစ်နေပီး တန်ဖိုးထားပေးတဲ့မိတ်ဆွေတွေကြောင့်ပျော်ရွှင်ချမ်းမြေ့နေရမှာပါ

တလတာလုံးကံမြင့်ကံပွင့်ပီး အစစအရာရာအဆင်ပြေစေဖို့ နွမ်းပါး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးအား စားသောက်ဖွယ်ရာ တမျိုးမျိုး ဒါနပြုလှူဒါန်းပေးပါ

Viber / Telegram က မေးမယ်ဆိုရင် Phone 09-977253287 မှာ မေးလို့ရပါတယ်📱

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *