ပျားအုံကိုဆွတော့ ပျားတုတ်တာပေါ့ စခ၂၀မြေဩဇာဖြစ်(ရုပ်သံ)

မြင်းခြံမြို့နယ်၊ ပျားကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်သေဆုံး (ရုပ်/သံ)

+++++++++++++++

နိုဝင်ဘာ ၁၂

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ ပျားကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂၀ ဦး ခန့် သေဆုံးခဲ့တယ်လို့ နွားထိုးကြီး PDF ထံမှ သိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း အင်အား ၅၀ ခန့်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝေဟင်မှ ဗုံးသီးကျဲချပြီး မြေပြင်မှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ကာ အကြမ်းဖက် စစ်တပ်က အထိနာပြီး ကျောင်းဝင်းအတွင်းမှ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် တပ်ရင်း ၈ ၊ မန္တလေးခရိုင်တပ်ရင်း ၃ ၊ နွားထိုးကြီးမြို့နယ် ပကဖ နဂါးနီပြောက် ကြား တပ်ဖွဲ(မြင်းခြံ) ၊ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့(မြင်းခြံ)နဲ့ ဗိုလ်စားပြောက်ကြား တပ်ဖွဲ့ (မြင်းခြံ)တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *