မဲလုံးလည်းမရိုးနိုင်အောင်လိမ်ပေးနေရ(ရုပ်သံ)

ကယားပြည်နယ်မှာ အပေါ့စားတိုက်ခိုက်ရေး လေယာဥ်တစ်စီး ပျက်ကျခဲ့ကြောင်း နစက အတည်ပြု

နိုဝင်ဘာ ၊ ၁၂ ၊ ၂၀၂၃

SP ( VOM)

ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်မှာ မနေ့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းကလေယာဥ်မှူး နှစ်ဦး မောင်းနှင်တဲ့ တိုက်ခိုက်ရေးသုံး လေယာဥ်တစီး စက်ချို့ယွင်းပြီး ပျက်ကျသွားတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောပါတယ်။

” ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေး တိုက်ခိုက်ရေးသုံး အပေါ့စား လေယာဥ် တစ်စီး စက်ချို့ယွင်းစွာ ပျက်ကျသွားတယ် ၊လေယာဥ်မှူးနဲ့ တွဲဘက်လေယာဥ်မှူးနဲ့ ဆက်သွယ်မှုရရှိထားပြီဖြစ်တယ် ” လို့ သတင်းမီဒီယာတွေကို ဖြေထားပါတယ်။

ဖရူဆိုဒေသခံတွေဆီတယောက်ကလည်း သိရသလောက်ကို ခုလိုပြောပါတယ်။

” ညနေ ၅ နာရီဝန်းကျင်လောက်မှာ လေယာဥ်ပျက်ကျတာဖြစ်တယ် ၊ အဲ့ဒီ လေယာဥ်ပေါ်မှာ လေယာဥ်မှူး နှစ်ယောက်ပါတယ် ၊ သူတို့က လေယာဥ်ပေါ်ကနေ လေထီးနဲ့ မြေပြင်ပေါ် ခုန်ချတယ် ၊ တယောက်က ဖရူဆိုမြို့ထဲကျတယ် ၊ ကျန်တယောက်က ဖရူဆိုမြို့နားမှာ ကျတယ် “

ပြီးခဲ့တဲ့ ၂၀၂၁ တုန်းက လေ့ကျင့်ရေးသုံး တိုက်ခိုက်ရေး လေယာဥ်တစီးဟာ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့နယ်ခွဲထဲက ရေခါးအင်းအတွင်း စက်ချို့ယွင်းပြီး ပျက်ကျလို့ လေယာဥ်မှူးနဲ့ တွဲဘက် လေယာဥ်မှူး တဦး သေဆုံးတာဖြစ်ခဲ့ဘူးပါတယ်။

မနေ့ နိုဝင်ဘာ ၁၁ ရက် မနက်အစောပိုင်းကစလို့ ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ မြို့အပြင်ဘက်ရပ်ကွက်တွေဖြစ်တဲ့ ထေးငှားလျားရပ်ကွက်၊ ချီကယ်ရပ်ကွက်၊ နာနတ်တော်ရပ်ကွက် ၊ ရေယိုရွာ နဲ့ လွိုင်ကော်စက်မှုဇုံတို့ဘက်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ တိုက်ပွဲတွေဖြစ်တဲ့အခြေအနေတွေအပြင် စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအကြောင်းကိုလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက နေ့စဉ်လို ပြောပြလာတာတွေ့ရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *