ကွမ်းလုံတံတားကို ကျော်ဖြတ်ပြီး ‌အောင်ပွဲခံနေကြပီ(ရုပ်သံ)

ညီနောင်မဟာမိတ်(၃)ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တို့မှ ယနေ့အလုံးစုံသိမ်းပိုက်ထားတဲ့ ကွမ်းလုံတံတားကို ကျော်ဖြတ်ပြီး ‌အောင်ပွဲခံနေ

နိုဝင်ဘာ ၁၂

ရှမ်းမြောက်၊ ကွမ်းလုံမြို့ကို Operation 1027စစ်ဆင်ရေးအဖြစ်နဲ့ ယနေ့ညနေပိုင်းက အလုံးစုံသိမ်းပိုက်ရရှိခဲ့ပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ကွမ်းလုံတံတားကိုဖြတ်ကြီး အောင်ပွဲခံ ချီတက်နေတဲ့ ရုပ်သံကို ထုတ်ပြန်လာပါတယ်။

ကွမ်းလုံမြို့ရှိ ဗျူဟာကုန်း၊ ခမရ ၃၁၂ ဗျူဟာကုန်း၊ ရဲစခန်း အပါအဝင် ကွမ်းလုံမြို့တစ်ခုလုံးကို MNDAA က သိမ်းပိုက်၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များ သိမ်းဆည်းရရှိ

နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်၏ ဗျူဟာကုန်း၊ ခမရ ၃၁၂ ဗျူဟာကုန်း၊ ရဲစခန်း အပါအဝင် ကွမ်းလုံမြို့တစ်ခုလုံးကို MNDAA က သိမ်းပိုက်၊ အတွဲလိုက်ဒုံးပစ်ကား ၂ စီး၊ သံချပ်ကာ ကား ၄ စီး ၊ စစ်ကားများ နှင့်လက်နက်များ သိမ်းဆည်းရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ကိုးကန့် MNDAA က ကိုးကန့် ၊ မုံးကိုး ၊ မူပန်(သိန္နီ) နေရာများရှိ စစ်ကောင်စီ၏ အရေးကြီးတပ်စခန်းများကို အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည့်အပြင် ချင်းရွှေဟော် ၊ မုံးကိုး နှင့် ကွမ်းလုံစသည့်မြို့နယ်များကိုလည်း ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့ပြီး အထူးဒေသ(၁) ၏ သမိုင်းဝင်အုပ်ချုပ်နယ်မြေများကို ပြန်လည်ထူထောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

သိမ်းဆည်းရရှိသော စခန်းများနှင့် လက်နက်ခဲယမ်းများတွင် အတွဲလိုက်ဒုံးကားများ၊ သံချပ်ကာ ကားများ ပါဝင်ကြောင်း သိရှိရသည်။

(၁)-ကွမ်းလုံဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၂)-ခမရ (၃၁၂) တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၃)-ကွမ်းလုံရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၄)-ကွမ်းလုံးတံတားဟောင်းကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၅)-ကွမ်းလုံတံတားသစ်ကို သိမ်းပိုက်နိုင်ခဲ့ပုံ

(၆)- ဖြိုခွဲနိုင်ခဲ့သော စကစ တပ်စခန်းများ

(၇) – သိမ်းပိုက်ရရှိခဲ့သော သံချပ်ကာ

(၈)- သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ အတွဲလိုက်ဒုံး

(၉)- သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ ဟောင်ဝီဇာအမြောက်

(၁၀) – သိမ်းပိုက်ရရှိခဲ့သော ၁၂၂ မမ အတွဲလိုက်ဒုံး

(၁၁) – သိမ်းပိုက်ရရှိခဲ့သော ယဥ်များ

(၁၂) – သိမ်းပိုက်ရရှိခဲ့သော EE-9 သံချပ်ကာ

(၁၃) – သိမ်းပိုက်ရရှိခဲ့သော MT-LB သံချပ်ကာ

(၁၄) – သိမ်းပိုက်ရရှိခဲ့သော BTR-3U သံချပ်ကာ တို့ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *