တစ်လှိုင်းပီးတစ်လှိုင်းလာမယ် ခဝေး၁၂ကောင်မြေဩဇာဖြစ်

ရေတာရှည်၊ မြင်းမူနှင့် ငါန်းဇွန် မြို့နယ်တို့ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် ဘုန်းကြီး ၁ ပါး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၊ အင်းကြီးပေါက်ကျေးရွာအနီးတွင် တိုက် ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁ ထံမှ သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ ဘက် ခြမ်း၊ ရေတာရှည်လေးကျေးရွာမှ အင်းကြီးပေါက်ကျေးရွာဘက်သို့ အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခလရ ၈၄ တပ်မှ ၃ ပွင့်ဗိုလ်ကြီး တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၁၀ ဦး ထက်မနည်းသေဆုံးကာ ၈ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၄ RTC တပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိနာသော အကြမ်းဖက်စစ်တပ်မှ ၆၀ မမ ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပြန် လည် တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရ ဒဏ်ရာရရှိခဲ့ကာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က ရေတာရှည်လေးကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် ရေတာရှည်လေးကျေးရွာ ရွာဦးကျောင်းဆရာတော် ဥူးရေဝတ လက်နက်ကြီးထိမှန် ကာ ပျံလွန်တော်မူခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား များက အင်းပေါက်ကြီးကျေးရွာအတွင်း ပြည်သူ့နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ့ပစ္စည်းများ ကို ခိုးယူပြီး ပြည်သူ ၁၂ ဦးကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြေတိုင်းရွာ၌ တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တောချောင်းဦးရဲစခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force – MMU ထံမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၂ နာရီ ၁၅ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ မြေတိုင်းကျေး ရွာ၌ တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force-MMU၊ Black Eagle Drone Force-MMU၊ ငါန်းဇွန်မြို့နယ် ပကဖ၊ TGR People’s Defense Force-Myaung ၊ ကျောက်ဆည်ခရိုင် အမှတ်(၂) တပ်ရင်းတို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိုင်ချ တပ်စွဲ ထားသည့် မြင်းမူမြို့နယ်၊ တောချောင်းဦးနယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ အကြမ်းဖက်စစ်သားများ အကာ အကွယ်ယူသည့် ဘန်ကာ ၄ လုံးလည်း ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force-MMU၊ Black Eagle Drone Force-MMU နှင့် GTR-MMU တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *