ဗမနှင်ဗက ၂ကောင်မိထားပီတဲ့ဟေ့ သွေးကြွေးပြန်တောင်းရမယ်

မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီး စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး တို့ကို အရှင်ဖမ်းမိ

■ မင်းပြားမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီး စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးတို့ကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း ရခိုင်တပ်တော် AA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မင်းပြားမြို့နယ်၊ ဖားပြိုအောက်ရွာ အနီးရှိ ပြည်ထောင်စုလမ်းမပေါ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ရခိုင် တပ်တော် AA က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးကို ရခိုင်တပ်တော် AA က ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် ယာဥ်တန်းသည် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို ၉ မှ ထွက်လာခြင်း ဖြစ်ပြီး ရခိုင်တပ်တော် AA က မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်ကား ၁ စီး မီးလောင်ကာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ချို့ သေဆုံးပြီး ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦးတို့ကို ဖမ်းဆီးရရှိကာ စစ်ကား ၂ စီးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ရခိုင်တပ်တော် AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *