အားရချက်ပဲဟေ့ လက်အောက်ငယ်သားတွေမရှိတော့ဘူး အဘအလှည့်ရောက်ပီ

ရခိုင်တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး ခမရ ၃၄၄ ဒုတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် ၁၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ ရဲ ၂၈ ဦး လက် နက်ချ အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်တွင် ယမန်နေ့ စတင်လိုက်သော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး ခမရ ၃၄၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး အပါအဝင် ၁၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ ရဲ ၂၈ ဦး လက်နက်ချ အလင်းဝင်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ မင်းပြားမြိုနယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ ၂ ခု ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ ၃၄၄ တပ်ရင်းမှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇင်ထွန်း ၊ ဗိုလ်ကြီး ဖြိုးဇေယျာလှိင် (တပ်စုမှူး) တို့အပါအဝင် စစ်သား ၁၀ ဦးကို စစ်သုံပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ မျက်မြင် ၁၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ တချိုလည်းရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို သည် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြိုနယ်ရှိ နေရာ (၅) ခု တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြိုနယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ၄င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက် ၇ နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ ခလရု၂၃၂ တပ် ရင်း နှင့် ဖြစ်ပွားခဲ့သော သင်္ဘောလှရွာအနီးတိုက်ပွဲတွင်လည်း စစ်သုံ့ပန်းတစ်ဦး အပါအဝင် စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း၊ စစ်တပ်ဘက်မှ ဒု-စစ်ကြောင်းမှူး ကျော်သက်နိုင်အပါအဝင် ၁၄ ဦးခန့် ကျဆုံးခဲ့ကာ ဒဏ်ရာရသူအချိုရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည်တော် ၆ ဦးမှာ အကောင်အထည်ဖော်တိုက်ပွဲများအတွင်း အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ကလည်း အပေါက်ဝမြိုနယ်တွင်ရှိသော စစ်ကောင်စီ၏ လက်အောက်ခံ “အပေါက်ဝ ရဲစခန်း” မှ ရဲတပ်ဖွဲ ဝင် ၂၂ ယောက်စလုံးသည်ရက္ခိုင့်တပ်တော် (AA) ထံသို လက်နက်များ နှင့်အတူ အသာတကြည် လက်နက်ချအလင်းဝင်လာခဲ့ကြောင်း၊ အခြားသောနေရာ ၂ ခုမှလည်း နောက်ထပ်ရဲ ၆ ဦး တိုသည်လည်း လက်နက်နှင့်တကွ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီလက်အောက်ခံ၊ နယ်ခြားစောင့်တပ်၊ ရဲစခန်း အပါအဝင် စစ်တပ်က စခန်းပေါင်း ၄၀ နီးပါးကိုစွန့်လွှတ်ထားခဲ့ပြီး နီးစပ်ရာ စစ်ကောင်စီ၏ စစ်စခန်းများတွင် လည်းကောင်း၊ ရဲစခန်း ၃ ခုအား တစ်ခုအဖြစ်စုပေါင်း၍လည်းကောင်း သွားရောက်ပူးပေါင်း သွားကြကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *