နိုဝင်ဘာလ ၁၄ ရက်နေ့ (၁၉)ရက်မြောက် ကိုးကန့်ဒေသ ဟွာရှိပန်စခန်းကိုသိမ်းပိုက်(ရုပ်သံ)

နိုဝင်ဘာလ ၁၄ ရက်နေ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ ပူးတွဲစစ်ဆင်ရေးသတင်းများ-မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့မှ ကိုးကန့်ဒေသ ဟွာရှိပန်စခန်းကိုသိမ်းပိုက်ခဲ့

ကိုးကန့်မီဒီယာ

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်

နိုဝင်ဘာလ ၁၄ ရက်နေ့ မဟာမိတ်အဖွဲ့မှ (၁၀၂၇)ပူးတွဲစစ်ဆင်ရေး Operation ကြီးလုပ်ဆောင်လာသည့် (၁၉)ရက်မြောက်နေ့တွင် ကိုးကန့်(MNDAA)သည် ကိုးကန့်‌ဒေသအတွင်း စစ်ကောင်စီ၏တပ်စခန်း(၁)ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါသည်။

မိမိတို့ဌာနသတင်းများတင်ဆက်သည့်အချိန်ထိ (MNDAA)နှင့် (AA) ညီနောင်အဖွဲ့တို့မှ စစ်ကောင်စီ၏တပ်စခန်း အကြီးအသေး စုစုပေါင်း(၁၄၄)ခုကို အောင်မြင်စွာသိမ်းပိုက်ခဲ့ပါသည်။

ယနေ့နံနက်တွင် (MNDAA)သည် ရှီးရှမ်း‌ဒေသ၊ ဟွာရှိပန်ရွာအနီးရှိ စစ်ကောင်စီ၏တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး(၁၀း၅၀)နာရီအချိန်တွင်ခြေလျင်တပ်ဖွဲ့ဖြင့်ထိုးစစ်တိုက်ခိုက်လာကာ (၁၁း၃၀)နာရီ တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပါသည်။

အရင်ရက်ပိုင်းကတည်းကပင် ၎င်းနေရာရှိ စစ်ကောင်စီအဖွဲ့ကို အဆက်မပြက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

နိုဝင်ဘာလ ၁၄ ရက် စစ်ကောင်စီဟွာရှိပန်စခန်းကိုသိမ်းပိုက်လိုက်(ပုံ)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *