၁ ရက်အတွင်း ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား ၂ သိန်းကျော်မြင့်တက်

ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၇ သိန်းအထိ ဖြစ်လာပြီး ၁ ရက်အတွင်း ၂ သိန်းကျော်မြင့်တက်

ဧရာဝတီတိုင်းမ်

နိုဝင်ဘာ ၁၅ ရက်

စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေချိန်တွင် ပြည်တွင်း ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇ သိန်းအထိပြန်လည် မြင့်တက်လာကြောင်း ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပေါက်ဈေးအရသိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ရွှေတစ်ကျပ်လျှင် ကျပ် ၃၅ သိန်းကျော်ဈေးရှိရာမှ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ၃၇ သိန်းဖြစ်လာ၍ တစ်ရက်အတွင်း ကျပ် နှစ်သိန်းနီးပါးမြင့်တက်သွားခြင်းဖြစ်သည်။

“ စစ်ကိုကြောက်ပြီးတော့ အဝယ်များနေတာ။ ကမ္ဘာ့ရွှေဈေးက ကျနေတယ်။ မြန်မာ့ ရွှေဈေးတက်တာမူမမှန်ဘူး။ အခုတက်တော့ ပြန်ထုတ်ရောင်းကျတယ်။ နောက် ကြောက်ပြီး တော့ဝယ်တဲ့သူနဲ့” ဟု ရွှေအကြောင်းနားလည်သူတစ်ဦး ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၇၁၅,၀၀၀ သိန်း နှင့် ဝယ်ဈေး ကျပ် ၃၇ သိန်းဖြစ်ကြောင်းရွှေဆိုင်များထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ‌အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၄ သိန်းကျော် ပတ်ဝန်းကျင်‌တွင် ရှိနေရာမှ ရုတ်တရက် မြင့်တက်လာခြင်းဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *