ကြယ်၂၁လုံးကြွေ စခ၃၂ဦးဂန့် ပေးဆပ်ရတာမတန်လိုက်တာ

ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာ ရဲစခန်းနှင့် ပျူစောထီးကျေးရွာကို စီးနင်းတိုက် ခိုက်မှု စစ်သားနှင့်ပျူစောထီး ၃၂ ဦးသေဆုံးပြီး PDF ၂၁ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာ ရဲစခန်းနှင့် ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားနှင့်ပျူစောထီး ၃၂ ဦးသေဆုံးပြီး PDF ၂၁ ဦးကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်စတင်၍ ပေါက်မြို့နယ်၊ ဇီးပြားရွာ ရဲစခန်းနှင့် ပျူစောထီးများကို စတင်ချဉ်းကပ်ရာ ယင်းနေ့ ညနေ ၅ နာရီ ၅၀ ခန့် စစ်တပ်ဘက်က ဒရုန်း ဖြင့် ကင်းထောက်သဖြင့် Drone ကို ပစ်ချခဲ့ကြောင်း၊ အဆိုပါ Drone ကို လာရောက်ကောက်ယူသော စစ်ကောာင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်ရာ စစ်သား ၂ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့နောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၅ ရက်ဆက်တိုက် ဒရနု်းဖြင့် အီနာဂါအလုံး ၁၀၀၀ ခန့်ဖြင့် နေ့မနား ညမနား တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ရှေ့တန်းရဲဘော်များက စစ်တပ်နှင့်ပျူစောထီးများ ရှိရာ နေရာဆီသို ချဉ်းကပ်ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီ အချိန်တွင် ဇီးပြားရဲစခန်းနှင့် ပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇီးပြားရွာအတွင်းရှိ ဘန်ကာများ၊ ဘူတာရုံရှိ ဘန်ကာများအားလုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ပျူများ စခန်းပြုနေသော အဆောက် အဦးများကိုလည်း မီးရှိဖျက်ဆီးခဲ့ကြောင်း၊ တိုက်ခိုက်မှုများကြောင့် စစ်သား၊ ရဲနှင့် ပျူစောထီး စုစုပေါင်း ၃၀ ဦးကျော်ခန့် သေဆုံးကြောင်း၊ ရှေ့ထွက်မိုင်း ၅ လုံး၊ လက်ပစ် ၈ လုံး သိမ်းဆည်းရရှိခဲ့ပြီး အများအပြားဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်နေချိန်အတွင်း စစ်ကောင်စီတပ်က Mi – 35 ဖြင့် လေကြောင်းပစ်ကူ ၃ ကြိလာရောက်၍ Rocket များ၊ စက်လက်များဖြင့် ပစ်ခတ်ခဲ့ပြီး ပေါက် ကပစ ၂၄ က ၁၂၀ မမ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ရာဂဏန်းအထိ ပစ်ခတ်ခဲ့ကြောင်း၊ တော်လှန် ရေးတပ်ဖွဲ့များက ပျူစောထီး တစ်ရွာလုံးနီးပါး စီးနင်းနိုင်ခဲ့သော်လည်း စစ်တပ်က ပြန်လည် ဝိုင်းဝန်းပိတ်ဆို့မှုကို ရုတ်တရက်ခံခဲ့ရသဖြင့် PDF ကာကွယ်ရေးရဲဘော် ၂၁ ဦး ကျဆုံးခဲ့ပြီး လက်နက်ငယ်တချို ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ဇီးပြားပျူရွာစခန်းကို တိုက်ခိုက်နေချိန်တွင် မြိုင်ပေါ်ရှိအထိုင်စခန်းများ ၊ ကန်နီပျူရွာ ၊ ကိုင်းတောမရဲစခန်း ၊ တွင်းမပျူစခန်း၊ သရက်ကန်ပျူစခန်း နှင့် ပခုက္ကူတပ်မ(၁၀၁) တို့ကို လက်နက်ကြီးများ ၊ Droneများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁၊ ၂ နှင့် ပေါက်ကျေးရွာ ပကဖ တပ်ဖွဲများ ၊ YRF( ပေါက်) ၊ Earthquake Defense Force ၊ တောင်ညိုနဂါးတပ်ဖွဲ့ ၊ Royal 7တပ်ဖွဲ့ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *