ပဲခူးတိုင်း၊ ရွှေကျင်တွင် စခများမာရသွန်ပြေးပွဲကျင်းပ

ပဲခူးတိုင်း၊ ရွှေကျင်တွင် ခမရ ၃၅၁ ၏ စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်၊ လက်နက်ခဲယမ်းများရရှိပြီး တိုက်ပွဲဖြစ်ချိန် မိနစ် ၂၀ အတွင်း စစ်သားများအားလုံးထွက်ပြေး

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် ခမရ ၃၅၁ ၏ စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများရရှိကာ စခန်းကို မီးရှို့ရှင်းလင်းလိုက်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့က ပဲခူးတိုင်း၊ ရွှေကျင်မြိုနယ်၊ ကျူချောင်ရွာအနီးရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ ခမရ(၃၅၁)တပ်ရင်း အခြေစိုက်ရာ တောင်ခြေရင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မိနစ် ၂၀ ကြာ အပြန်အလှန်ပစ်ခတ်ပြီးချိန်တွင် အထိနာသွားသော စစ်ကောင်စီတပ်ဖွဲဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသော်လည်း စခန်းတစ်ခုလုံးကို မိမိတို မဟာမိတ်ပူးပေါင်းအဖွဲက သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ပစ္စည်းများမှာ ၆၀ မမ ၁လက်၊ ၆၀ မမ ဗုံးသီး ၅၂လုံး၊ Jumper ၁ ခု၊ စကားပြောစက်အကြီး ၁လုံး၊ အီနာဂါ ၁၃လုံး၊ လက်ပစ်ဗုံး ၂၀လုံး၊ RPGသီး ၂၂လုံး၊ RPG ပိုယမ်း ၁၆ခု၊ တင့်ဖျက် ၃ခု၊ ၄၀မမသီး ၁၂လုံး၊ မြေမြှုပ်မိုင်း ၉လုံး နှင့် ၅.၅၆ကျည် ၁၁၂၈တောင့်တို့ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *