မန္တလေးမြို့ရှိ စခဗ များနေထိုင်ရာ ကာစီနိုရုံကို ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်(ရုပ်သံ)

မြင်းခြံရှိ ကုက္ကဲရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ မန္တလေးမြို့ရှိ စစ်ဗိုလ်များနေထိုင်ရာ ကာစီနိုရုံကို ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကုက္ကဲရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” အဲရွာက ပျူစောထီးရွာဆိုတော့ အတိအကျ စုံစမ်းရခက်နေတယ်။ အနည်းဆုံး စစ်ခွေး ၃ ကောင် သေဆုံးနိုင်ပါတယ်” ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့ – မြင်းခြံ နှင့် ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ဗိုလ်များ နေထိုင်ရာ အေးမေတ္တာကာစီနိုရုံကို ဗုံးခွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NDA MDY မြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရ သည်။

ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်က အဆိုပါ ကာစီနိုရုံကို မန္တလေးခရိုင် တပ်ရင်း ၆ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊မတ္တရာမြို့နယ် တို့ ပူးပေါင်းကာ မိုင်းခွဲပြီး သေနတ်ဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *