ကဲ ရခိုင်မုန့်တီ ၁၈ ပွဲတဲ့ အဝဆွဲလိုက်ကြအုန်း

မောင်တော အခြေစိုက် ဒုံးညိုနယ်ခြားစောင့် တပ်စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၈ ဦးနှင့် လက် နက် ၄၀ ကျော် သိမ်းဆည်းရရှိ

နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို AA က တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်သုံ့ ပန်း ၁၈ ဦးနှင့် လက်နက် ၄၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ကြောင်း ရခိုင်တပ်တော် – AA က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် လက်နက်ချအညံ့ခံရန်ပြောထားသော်လည်း အညံ့မခံဘဲ ခုခံ နေသော စစ်ကောင်စီ၏ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် အပြီးသတ် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှု၊ မိုးသည်းထန်စွာ ရွာသွန်း နေသည့်ကြားမှ စခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲခြင်းဖြစ်ပြီး စစ်သုံ့ပန်း ၁၈ ဦး ၊ သေနတ် အလက် ၄၀ နှင့် စစ်အ သုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း AA တပ်ဖွဲ့မှ ကျဆုံး ဒဏ်ရာရရှိသူအချို့ရှိခဲ့ကြောင်း သိရသည်။

လက်နက်ချ အညံ့ခံခြင်းမရှိသည့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများကို တစ်ခုပြီး တစ်ခု ဆက် လက်၍ ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရခိုင့်တပ်တော် – AA တပ်ဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *