အသိမ်းမြန်ချက်က နာရီဝက်ဘဲကြာတယ် တကောင်မိထား(ရုပ်/သံ)

မြင်းခြံရှိ ကိုင်းရွာ စစ်တပ် စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းအတွင်း ဒဏ်ရာဖြင့် ကျန်နေခဲ့သည့် စစ်ဗိုလ် တစ်ဦး၏ ဇနီး ကို ဖမ်းဆီးရမိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ(ရုပ်/သံ)

နိုဝင်ဘာ ၁၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက် တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဒဏ်ရာဖြင့် ကျန်ခဲ့သည့် စစ်ဗိုလ်တစ်ဦး၏ ဇနီး ကို ဖမ်းဆီးရမိကာ သေနတ် တစ်လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း Bagan Orge Force – ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာ ၁၆ ရက် နံနက် ၄ နာရီ ၃၅ မိနစ်ခန့်က မြင်းခြံမြို့နယ်၊ ကိုင်းကျေးရွာ၌ အကြမ်းဖက် စစ်သား အင်အား ၃၀ ခန့်တပ်စွဲထားသော စခန်းကို စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊

စခန်း အတွင်း မှ ဒဏ်ရာဖြင့် ကျန်ခဲ့သော စစ်ဗိုလ်တစ်ဦး၏ ဇနီးဖြစ်သူနှင့် MA – 1 သေနတ် တစ်လက်၊ ကျည်ဘောက် ၃ ခု၊ ကပစထုတ် ၅ ဒသမ ၅၆ ကျည် ၇၀၄ တောင့်၊ စစ်ဦးထုပ် ၄ လုံး၊ အီကွန်းမင့် ၄ စုံ၊ ကျောပိုးအိတ် ၄ လုံး၊ စစ်ယူနီဖောင်း တစ်စုံ၊ လက်ကိုင်ဖုန်း ၅ လုံး၊ ဓားတစ်ချောင်း၊ တံဆိပ်တုံး ၂ ခု စသည့် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဘက်က လက်နက်ကြီးတွေနဲ့ RPG တွေနဲ့ ပစ်ပြီးတော့ ဝင်လိုက်တာဆိုတော့ အကုန်လုံး တန်းပြီးတော့ ထွက်ပြေးသွားတာ၊ ထိခိုက်ဒဏ်ရာရတာက သွေးကွက်တွေပဲ တွေ့တယ်ဗျ၊ လူသေ အလောင်းတော့ မကျန်ခဲ့ဘူးဗျ။ အင်အားကလည်း ၃၀ လောက်ပဲရှိတာ၊ ကျနော်တို့ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ညှပ်တိုက်တာဆိုတော့ ရေရှည် ခံမပစ်နိုင်ပဲ ထွက်ပြေးသွားတာ၊

တိုက်ပွဲချိန်ကလည်း အ လွန် ဆုံး နာရီဝက်လောက်ပဲ ကြာမယ်၊ စခန်းကို ထားပြီး ထွက်ပြေးသွားတာ၊ စခန်းထဲမှာက ဒဏ်ရာနဲ့ ကျန်ခဲ့တဲ့ ဗိုလ်တစ်ဦးရဲ့ မိန်းမတော့ ကျန်ခဲ့တယ်၊ သူတို့ကို စစ်ဆေးနေတုန်းပဲ” ဟု Bagan Orge Force – ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *