ကြယ်၃ပွင့်ကြွေ စခဗမအပါအဝင် ၂၇ကောင်မြေဩဇာဖြစ်

ရေတာရှည်တွင် ၂ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်တပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သား ၂၇ ဦးသေဆုံးကာ PDF ၃ ဦးကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာနှင့် ပိတောက် ကုန်းကျေးရွာ အနောက်မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးပြီး တော်လှန် ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက် ၅ နာရီခန့်မှ စတင်ကာ ရေတာရှည်မြို့နယ်၊ ပိတောက် ကုန်းကျေး ရွာအုပ်စု၊ ရေတာရှည်လေးကျေးရွာနှင့် ပိတောက်ကုန်းကျေးရွာ အနောက်မြောက်ဘက်တွင် လွန်ခဲ့သော ၄ ရက်ခန့်စ၍ တပ်ဖျောက် နေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများ မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လေ ကြောင်း၊ လက်နက်ကြီး ပစ်ကူများ အဆမတန်သုံးကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားနေရာသို့ ဆွာမြို့၊ ခမရ ၁၉ တပ်မှ ၁၂၀ မမ လက်နက်ကြီး ဆယ်ကြိမ်ထက်မ နည်းပစ်ကူပေးသည့်အပြင် ကေတုမဏီမြို့သစ်၊ လေတပ်မှလည်း MI 35 ရဟတ်ယာဉ်ဖြင့် နံနက် ၁၀ နာရီ အချိန်ခန့်မှစ၍ ပွိုင့်ဖိုက်အမျိုးအစား စက်သေနတ်သုံးကာ နှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်လေယာဉ်ဖြင့်လည်း နံနက် ၁၁ နာရီ၀န်းကျင်ခန့်တွင် ဗုံးသီး တစ်ကြိမ်၊ ပွိုင့် ၈ အမျိုး အစား စက်သေနတ်ဖြင့် သုံးကြိမ်ခန့် လာရောက်ပစ်ခတ်နေကြောင်းသိရသည်။

နို၀င်ဘာ ၁၇ ရက် ည ၇ နာရီခန့်ကလည်း ကူးတို့ဆိပ်မြစ်ကူး ယာယီတံတားကို စစ်ကားနှစ်စီးဖြင့် လူအင်အား ဖြည့်ကာ ည ၈ နာရီမထိုးခင် ထိုကားနှစ်စီး ပြန်သွားကြောင်း၊ ည ၁၀ နာရီခန့်တွင် ပိ တောက် ကုန်းကျေးရွာမှ စစ်ကောင်စီတပ်သား အင်အား ၅၀ ခန့် ဆွာရွာမကျေးရွာအတွင်း ၀င်ရောက် လာပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ပိတောက်ကုန်းကျေးရွာအနီးတိုက်ပွဲအတွင်း သေဆုံးသွား သော စစ်သားအလောင်းများကို ဆွာရွာမကျောင်းအတွင်း ထမ်းစင်များဖြင့် သယ်ယူကာ ၎င်းမှတဆင့် သုံးဘီးဆိုင်ကယ်ဖြင့် မြစ်ဆိပ်သို့ သယ်ထုတ်သွားကြောင်း သိရသည်။

“တိုက်ပွဲက မနေ့ကရော ဒီနေ့မနက်ရောဖြစ်တာ၊ မနေ့က ပိတောက်ကုန်းရွာတိုက်ပွဲမှာ သေတဲ့ စစ်သား တွေကို ဆွာရွာမကျောင်းအထိ ထမ်းစင်နဲ့သယ်တယ်၊ အဲဒီကမှ သုံးဘီးဆိုင်ကယ်နဲ့ မြစ်ဆိပ်ကို သယ် တယ်၊ မြစ်ဆိပ်ကနေ အနောက်ဘက်ကမ်းကို စက်လှေနှစ်စီးနဲ့ ခေါက်ပြန်သယ်သွားတာ၊ အဲဒီကနေမှ ဒီ နေ့မနက် ၁၀ နာရီလောက်မှာ လူနာတင်ကားနဲ့ ထပ်သယ်သွားတာ၊ ဗိုလ်မှူးဆိုတဲ့သူရဲ့ အလောင်းကို တော့ ကားအဖြူနဲ့ သီးသန့်သယ်သွားတယ်လို့ သိရတယ်၊ အလာင်းသယ်ပေးတဲ့သူတွေကို တစ်လောင်း ကို ၃ သောင်းပေးရတယ်လို့ သိရပါတယ်” ဟု တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ ၈၄ တပ်မှ ဗိုလ်မှူး တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး အပါ အ၀င် စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး အင်အားစုများဘက်မှလည်း ၃ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကာ တပ်ဖွဲ့၀င်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများကြောင့် ပြည်သူ ၅၀၀ ခန့် စစ်ဘေးရှောင်နေရပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ပြည် သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Be the first to comment

Leave a Reply

Your email address will not be published.


*