မနက်ခင်းစောစော ထားဝယ်မုန့်ဟင်းခါးလေးစားကြပါအုန်း

ထားဝယ်မြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး

နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း Dawei Guerilla Revolutionary Force – DGRF ကပြောသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်အချိန် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာ၊ ရှင် ဓာတ်ဝဲ ဘုရားအနီး ဝိုင်းဖွဲ့အရက်သောက်နေသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို အလစ် အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးပွဲချင်းပြီးသေဆုံးပြီး အများ အပြား ဒဏ် ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများထဲမှ ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန် ထားဝယ်မြို့နယ်၊ မောင်မယ် ရှောင်ကျေးရွာ၊ ဘုရားမဲ စစ်တပ်ဂိတ်မှ ဖောင်တော်ဦး ဘုရားအနီးသို့ ရောက်ရှိလာသော အကြမ်းဖက် စစ်သား ၄၀ ခန့်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သားများက ဘုရားမဲဂိတ်သို့ ပြန်လည် ဆုတ်ခွာသွားကာ စစ်ကူလာချိန် စောင့်ဆိုင်း နေခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုသည် ညအချိန်ဖြစ်သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအတည် ပြုနိုင်ခြင်းမရှိပဲ နှစ်ဖက်စလုံးတပ်များမှ အသင့်နေရာယူထားကာ စောင့်ဆိုင်းနေကြောင်း၊ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သဖြင့် မိဘပြည်သူများမှ စစ်ရေးသတိဖြင့် သွားလာနေထိုင်ပေးကြပါရန် မေတ္တာ ရပ်ခံထားသည်။

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများကို Dawei Guerilla Revolutionary Force – DGRF တပ်ဖွဲ့၊ တပ်ခွဲ ၂ ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- Dawei Guerilla Revolutionary Force – DGRFက စစ်ကားတစ်စီးကို ယခုနှစ်အတွင်း တိုက်ခိုက်ခဲ့စဉ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *