ချင်းတောင်တန်းမှာလည်း PDF-Zolandလက်စွမ်းပြ

တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ စစ်တပ် စခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁ ဦးဖမ်းမိကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF-Zoland က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း PDF-Zoland က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF-Zoland က သွားရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခန့်တွင် စစ်တပ် စခန်းကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပြီး ၁ ဦးအား အရှင်ဖမ်းဆီးရမိကာ ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများ ထွက်ပြေးသွားပြီး လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ ၄၀ မမ အပါအဝင် လက်နက်ကြီး အချို့နှင့် ကျည်မြောက်များစွာ သိမ်းဆည်း ရရှိခဲ့​ကြောင်း သိရှိရသည်။

မွန်းလွဲ ၁၂ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း PDF Zoland မှ ရဲဘော် Tg. Kam Lian Pau တိုင်းပြည်အတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြောင်း PDF Zoland ထံမှ သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *