မှတ်ပီလား လေဘဲမလိုဘူးအမြောက်တပ်ကိုတောင်ဆော်တဲ့(ရုပ်သံ)

အရပ်သားပစ်မှတ်တွေကို နေ့စဉ်လက်နက်ကြီးနဲ့ထုနေတဲ့ ကော့ကရိတ်အမြောက်တပ်ကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးထုတိုက်ခိုက် (ရုပ်သံ)

နိုဝင်ဘာ ၂၂

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက စကစ၁၂လက်အောက်ခံ အမြောက်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဉ်တွေနဲ့ ဗုံးသီးထုတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ဗိုလ်ကြီးတဦးအပါဝင် ၅ယောက်သေဆုံးသွားတယ်လို့ Justice Soldier PDFက ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ယမန်နေ့က အများပြည်သူနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ နေ့စဉ်နှင်အမျှ ပစ်ခတ်၍ ပြည်သူပိုင်အိုးအိမ်များ၊ အဆောက်အအုံများ၊ သီးပင်စားပင်များ နှင့် ပြည်သူအများအသက်အန္တရာယ်ထိခိုက်အောင် နှိပ်စက်နေတဲ့ အမြောက်ကုန်းကို ဝေဟင်ကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ကော့ကရိတ်မှာ ကရင့်ပူးပေါင်းတပ်တွေက စခတွေကိုလာတိုက်ရင် စခတွေကရပ်ကွက်ထဲလက်နက်ကြီးနဲ့ ရမ်းပစ်တော့တာပဲ။အရပ်သားထိ မယ်သေမယ် ဆိုရင် သူတို့ က သောင်းကျန်းသူတွေ ပစ်လို့ အရပ်သား ထိတယ် သေတယ် ဝါဒ ဖြန့်မယ် အဲ့ လိုမျိုး လုပ် နေတာ မှာ အခုဆို အရပ်သား သေတာ၂၀ ဝန်းကျင် ရှိ လာပြီ တိုက်ပွဲ တွေစ ဖြစ် တာ ကနေ အခု ထိ့ ၃ နှစ် နီး လာချိန် အထိပေါ့”လို့မြို့ခံတဦးက ရှင်းပြပါတယ်။

ဝေဟင်ကနေတိုက်ခိုက်ခံရတဲ့ အမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ မကြာခဏဆိုသလို အရပ်သားပစ်မှတ်တွေအပေါ်ပစ်ခတ်နေလို့ တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းသူမဲ့လေယာဉ်ငယ်နဲ့ ပစ်ခတ်ခဲ့ရာမှာ ဗိုလ်ကြီးတဦး၊ တပ်ကြပ်ကြီးတဦးနဲ့ အခြားအဆင့်၃ယောက်သေဆုံးခဲ့ပြီး ၂ယောက်အပြင်းအထန်ဒဏ်ရာရသွားလို့တောင်ကလေးဆေးရုံကို ပို့ဆောင်ထားရတယ်လို့သိရပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ ကျားဖြူစစ်ကြောင်းမှ ဦးဆောင်ပြီး ကျားဖြူတပ်ခွဲ (၄)၊ တပ်ခွဲ (၅) Justice Soldier PDF၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle PDF)၊ Angry Bird၊ KLOUD ၊ Power of Ababil (POA) စတဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တိုက်ပွဲဖြစ်ရာနေရာတဝိုက်တွင် နေထိုင်ကြသော မိဘပြည်သူများသည် နေအိမ်တွင် ကတုတ်ကျင်းများ၊ပုန်းခို/ ဗုံးခိုကျင်းများကို စနစ်တကျပြုလုပ်၍ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *