သတင်းထူးပီးရင်းထူး ငါတို့အလှည်ရောက်ပီ

ဖြူးမြို့နယ်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁ ဦးကို လာဖမ်းသော ဒုရဲအုပ် နေဝင်းထွန်း အပါအဝင် ရဲ ၄ ဦး PDF များ၏ တိုက်ခိုက်မှုကြောင့် သေဆုံး၊ လက်နက်များ သိမ်းဆည်းရရှိ

■ သေဆုံးသူ ဒုရဲအုပ် နေဝင်းထွန်းက PDF များနှင့် နိုင်ငံရေးသမားများကို စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက် ရက်စက်လေ့ရှိသူဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တွင် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် တောင်ငူ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် နေဝန်းထွန်း အပါအဝင် ရဲ ၄ ဦးကို သေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် အထူးကွန်မန်ဒိုတပ်ရင်း -တောင်ပိုင်းတိုင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ‌ဆင်းမွတ်တောရွာအနီးတွင် ကင်းပုန်းဝပ်နေသည့် ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂ )စစ်ကြောင်း အဖွဲ့က စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးတို့ ဆိုင်ကယ် ၃ စီးဖြင့် လက်နက်များကိုင်ဆောင်လာစဉ် ထိ‌တွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း၊ ထိတွေ့မှုဖြစ်စဉ်အတွင်း တောင်ငူအမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်နေဝင်းထွန်း အပါအဝင် ရဲ ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦးလွတ်မြောက်သွားကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲတွင် G-3 သေနတ် ၂ လက်၊ AK-47 သေနတ် ၁ လက်၊ ခြောက်လုံးပြူးသေနတ် တစ်လက်၊ 7.62mm ကျည် ၉၀ တောင့်၊ G-3 ကျည် ၃၁ တောင့်၊ ၃၈၀ မဂ္ဂနပ်ကျည် ၁၅ တောင့် ကျည်ကာတစ်ထည် ၊ မှတ်ပုံတင်နှင့် တပ်ဖွဲ့ဝင်ကဒ် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ထိ‌တွေ့တိုက်ပွဲအတွင်း ကွန်မန်ဒိုတပ်ရင်း၊ ရိုးမ(၂)စစ်ကြောင်း မှ ရဲဘော်တစ်ဦး နဖူးရှပ်ထိ(မစိုရိမ်ရ) ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“ဒုရဲအုပ် နေဝင်းထွန်းက စစ်ကြောရေးမှာ PDF တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အရမ်းနှိပ်စက်ညှဉ်းပန်းတဲ့သူပေါ့။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို ဇေယျာ၀တီမြို့ဘက်မှာ သွား ဖမ်းတုန်း ပစ်ခတ်ခံရပြီး သေသွားတာ။ နေဝင်းထွန်း နာရေးကို တောင်ငူ အမှတ် ၂ ရဲစခန်းထဲမှာ လုပ်ခဲ့တယ်” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *