ကနီမှာ အကောင်၂၀ကို မုန့်ဟင်းခါးချက်လိုက်ပြန်ပြီ

ကနီ၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ သေဆုံး၊ PDF ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂၀ သေဆုံးကြောင်း ဒေသကာကွယ်ရေးခေါင်းဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း၊ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်သားများလည်းရှိကြောင်း သိရှိရသည်။

“တိုက်ပွဲက မနက်ခင်းအစောပိုင်းက တစ်ကြိမ်တိုက်ပွဲ စဖြစ်တယ်။ အဲဒီလိုတိုက်ပွဲဖြစ်နေပြီး မကြာဘူး၊ နမခကနေ ဂျက်‌လေယာဉ်တစ်စီး မနက် ၈ နာရီလောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ခတ်မှုမလုပ်ဘဲ ပတ်ကြည့်သွားတယ်။နောက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်လောက်ရောက်တော့ဂျက်ဖိုက်တာနဲ့ ဗုံးသီး၃လုံးချပြီး ပစ်ခတ်တာတွေလုပ်သွားသေးတယ်။ အဲဒီလိုပစ်ခတ်လို့ ရွာသား ၄ ဦးကျည် ထိမှန်တယ်။ PDF တပ်တွေဘက်က မွန်းလွဲ ၁ နာရီလောက်ရောက်တော့ ဒုတိယအကြိမ် တိုက်ပွဲထပ်တိုက်တယ်။ မွန်းလွဲ ၃နာရီ မှာ တိုက်ပွဲပြီးတယ်။ စစ်ခွေးတွေဘက်က ၂၀ ဦး ခန့်ကျဆုံးပြီး စခန်းစွန့် ထွက်ပြေးတဲ့ကောင်တွေလည်းရှိတယ်။ PDF ရဲဘော် ၂ဦးကျဆုံးပြီး၅ ဦးဒဏ်ရာရှိခဲ့တယ်” ဟု ဒေသကာကွယ်ရေးခေါင်းဆောင်က ရှင်းပြသည်။

အဆိုပါတိုက်ပွဲတွင် လက်နက်များနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများလည်းသိမ်းဆည်းရရှိထားကြောင်း၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *