စစ်တွေမှာ လက်နက်ကြီးပြောင်းကွဲပြီး စခ၂ကောင် ဂန့်

ပေါက်တောမြို့ကို စစ်ရေယာဥ်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှု လူနေ ရပ်ကွက်များ မီးလောင်နေ၊ စစ်တွေမြို့တွင် လက်နက်ကြီးပြောင်းကွဲပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ကို အကြမ်းဖက် စစ်တပ်၏ စစ်ရေယာဥ်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေ ရပ်ကွက်များ မီးလောင်နေကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ရေယာဥ်များက ပေါက်တောမြို့ပေါ်ရှိ ဘဝမ်းရပ်ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၅ စီးသည် ပေါက်တောမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စစ်တွေမြို့ ရဲတပ်တပ်ရင်း ၁၂ ကလည်း လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်နေကြောင်း၊ မြောက်ဦးမြို့နယ် လီညှင်းသာ ရွာအောက်က စစ်သင်္ဘော တစီး၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာ အနီးတွင် စစ်သင်္ဘော ၁ စီး၊ ပေါက်တောမြို့နယ် င/ပြီကျွန်း မြစ်ထဲ၌ စစ်သင်္ဘော ၁ စီး၊ တောင်းဖူးရွာ အနီးတွင် စစ်သင်္ဘော ၁ စီး၊ ရဗီးချပ် တောင်အနီးတွက် စစ်သင်္ဘေ ၁ စီး စုစုပေါင်း စစ်သင်္ဘော ၅ စီးက ရောကတ် ဒုံးကျည်များ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လက်နက်ကြီးပြောင်းကွဲပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်တွေမြို့ရှိ ရဲတပ်ရင်း ၁၂ မှ စစ်ကောင်စီ တပ်သားများ ပေါက်တောမြို့ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူနေစဥ် လက်နက်ကြီးပြောင်း မတော်တဆ ပေါက်ကွဲပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက် ဒဏ်ရာရရှိသူ ၆ ဦးကို စစ်တွေမြို့ ကုတင် ၁၀၀၀ ဆေးရုံ၌ အရေးပေါ် ပို့ဆောင်ထားကာ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။ ခေတ်သစ်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *