အဘသမီးတွေကြောက်ချီးပန်းနေချိန် ရဲရင့်နေသောအမေ့သမီးများ(ရုပ်သံ)

လက်နက်မလောက်လို့ MRGF အမျိုးသမီးရဲမေတွေ တိုက်ပွဲဝင်ခွင့်မရ (ရုပ်/သံ)

နိုဝင်ဘာ ၂၃

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားတဲ့ ကျေးလတ်ဒေသပြောက်ကျားတပ်ဖွဲ့-မြိုင် MRGF အဖွဲ့က အမျိုးသမီးရဲမေတွေဟာ လက်နက်နဲ့ ကျည်မပြည့်စုံလို့ တော်လှန်ရေးမှာ မပါဝင်ရဘူးလို့ MRGF အဖွဲ့ထံက သိရပါတယ်။

အမျိုးသမီးရဲဘော်တွေအနေနဲ့ တော်လှန်ရေးအစပိုင်းမှာ လက်နက်ကိုင်ခွင့်ရခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ လက်နက်အင်အား မလုံလောက်တဲ့အတွက် ထောက်ပို့နဲ့ ဆေးဝါးအကူ ဘက်တွေမှာသာ ပါဝင်အားဖြည့်နေရတယ်လို့ MRGF ဆေးတာဝန်ခံ မယ်ဒီစင် ကပြောပါတယ်။

ပြည်သူလူထုထောက်ပံ့ငွေနဲ့ အဓိကရပ်တည် လှုပ်ရှားနေရသလို ကျည်နဲ့ လက်နက်တွေဝယ်ယူဖို့ ငွေချေးငှားရတာတွေလည်းရှိကာ အမျိုးသားတွေသာ တိုက်ပွဲဝင်နေရတဲ့အတွက် အိမ်ပြန်သွားကြတဲ့ အမျိုးသမီးရဲမေတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

MRGF အဖွဲ့ကို ၂၀၂၁ ခုနှစ် ၁၂ လပိုင်း ၂၀ ရက်နေ့က အင်အား ၃၀ ခန့်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ အင်အား ၇၀ ခန့်ရှိလာကာ အမျိုးသမီးအင်အား ၂၀ ကျော် ပါဝင်ဖွဲ့စည်းထားနိုင်ပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ ကျည်နဲ့ဆေးဝါးတွေဝယ်နိုင်ဖို့အတွက် ကျပ်သိန်း ၂၅၀၀ မျှော်မှန်းထားတဲ့ ပန်ထွာစစ်ဆင်ရေး ကမ်ပိန်းကို နိုဝင်ဘာ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၁၈ ရက်အထိ တလတာ သတ်မှတ်ပြုလုပ်နေတာဖြစ်ပြီး အမျိုးသမီးအများစုပါဝင်မှာဖြစ်တဲ့အတွက် ပန်ထွာစစ်ဆင်ရေးလို့ အမည်ပေးထားတာလို့ မယ်ဒီစင်က ဆိုပါတယ်။

တပ်ဖွဲ့အတွင်းမှာ ဆေးတပ်သားလုံလောက်စွာရှိပေမယ့် ဆေးဝါးမလုံလောက်လို့ အချိန်ကြာပြီး မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့အသက်တွေ များနေပြီလို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *