ရခစခန်းဝင်စီး အပုံလိုက်ကြီးရလိုက်ပြန်ပြီ

ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာရဲစခန်းကို တိုက်ခိုက်မှုတွင် ရဲစခန်းမှူး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးရမိပြီး ၃ ဦးသေဆုံး၊ လက်နက် ၃၁ လက်နှင့် ခဲယမ်းအမြောက်အမြားရရှိ

နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာတွင် ရဲစခန်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးရမိပြီး ၃ ဦးသေဆုံးကြောင်း အမှတ် ၁ စစ်ဒေသက တရားဝင်ပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးရွာ ရဲစခန်းကို အမှတ် ၂ ရွှေဘိုခရိုင် ကွပ်ကဲရေး၏ ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ မန္တလေးခရိုင်တွင်းရှိ PDF တပ်ရင်း၊ ဝက်လက်မြို့နယ် ပကဖ၊ လှတောတိုက်နယ် ပကဖ၊ ရွှေပန်းကုံးတိုက်နယ် ပကဖနှင့် ရွာသာကြီးတိုက်နယ် ပကဖ တို့က တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ နိုဝင်ဘာလ ၂၁ ရက် နံနက် ၂ နာရီခန့်အချိန် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော ဝက် လက်မြို့နယ်၊ ရွှေပန်းကုံးတိုက်နယ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ်တွင် အောင် မြင် စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးပြီး ရဲစခန်းမှူးအပါအဝင် ၁၆ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းစခန်းမှ လက်နက်ငယ် ၃၁ လက်၊ ကျည်မျိုးစုံ ၆၄၀၀ ကျော်၊ လက်ပစ်ဗုံး ၃၂ လုံး၊ မိုင်း ၆ လုံး၊ ကျည်အိမ် ၃၈ ခု၊ ငွေကျပ် ၉၀၀,၀၀၀ သိန်းကျော်နှင့် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ၎င်းရဲစခန်းသို့ တံတားဦးမှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၁ စီးဖြင့် လည်းကောင်း၊ နမခမှ တက်လာသည့် Mi-35 ၁ စီးဖြင့် လည်းကောင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *