သေရဲတဲ့ကောင်ထွက်ခဲ့ဆိုတဲ့ကောင်တွေက အရင်ပြေးကုန်ကြပြီ

ကလေးတောင်ပိုင်းကမ်းပါးနီတံတားတွင် တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားများ ထွက်ပြေး

နိုဝင်ဘာလ ၂၅ ရက်

ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကမ်းပါးနီးတံတားမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားများဟာ ယမန်နေ့နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တပ်စခန်းကနေ ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။

ကလေး-ဂန့်ဂေါလမ်းမပေါ်မှာရှိတဲ့ မြောက်စည်းစခန်း ရန်ကြီးအောင်စခန်းတို့ကို

တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ ကြောက်လန့်ပြီးထွက်ပြေးကြတာဖြစ်တယ်လို့သိရပါတယ်။

“ရန်ကြီးအောင်စခန်းကို သိမ်းပြီးတော့ မနက်နက်ဖြန်မနက်မှာ ထွက်ပြေးသွားကြတာ အင်အားကတော့ ၂၀ လောက်ရှိချင်မှရှိမှာ၊ ဟံသာဝတီရွာ ပျူစောထီးရွာမှာပြေးသွားကြတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ကမ်းပါးနီတံတားရဲ့အနီးမှာရှိတဲ့ဟံသာဝတီရွာဟာ ပျူစောထီးနှင့်တပ်ထောက်ခံတဲ့ကျေးရွာဖြစိပြီး ၎င်းစခန်းကနေထွက်ပြေးကြတဲ့ အင်အား ၂၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားများဟာလည်း ဟံသာဝတီရွာက ပျူစောထီးများနှင့်ပူးပေါင်းပြီး ၎င်းရွာမှာရှိနေကြကြောင်းလည်း သိရပါတယ်။

သေ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *